ထိုင်းနိုင်ငံက ထီကုန်သည်အမျိုးသမီးတစ်ဦးကတော့ ထင်မှတ်မထားတဲ့ ကံကောင်းမှုကြီးနဲ့ ထိပ်တိုက်ကြုံတွေ့ခဲ့ရပါတယ်။သူမကတော့ ရောင်းဖို့ ကျန်နေတဲ့ထီလက်မှတ်မှ ဘတ် ၁၈ သန်းဆု ပေါက်သွားခဲ့တာပဲ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်နေ့ ကဖွင့်ခဲ့တဲ့ထီဖွင့်ပွဲမှာ ရောင်းမကုန်ဘဲ ကျန်နေတဲ့ ထီလက်မှတ် ၃ စောင်ကနေအခုလိုသိန်းဆုကြီး ပေါက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါ အမျိုးသမီးကတော့ ထိုင်းအရှေ့မြောက်ပိုင်း ခွန်ကရန်ခရိုင်ထဲမှာ နေထိုင်ပြီးတဲ့ ထီးအရောင်းကိုယ်စားလှယ်တစ်ဦးလို့သိရ ပါတယ်။ထီဖွင့်ရက်မတိုင်ခင်နေ့အထိ သူတို့ဆိုင်မှာ ထီလက်မှတ်တွေ အများကြီး မရောင်းခဲ့ရဘူးလို့ ဆိုပါတယ်။ အဲ့လိုမရောင်းရတဲ့ ထီလက်မှတ်တွေအများကြီးထဲကမှ ထီလက်မှတ်(၃)ဆောင်ဟာ သိန်းဆုကြီး ပေါက်သွားခဲ့ဖြစ်ပြီး အမျိုးသမီးကတော့ တကယ့်ကို အဆိုးထဲကအကောင်းအနေနဲ့ ကံထူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

ခွန်ကရန်ဒေသက လူတွေကြားမှာ ဒီသတင်းဟာအရမ်းကိုပြန်နှံ့သွားခဲ့ပြီးလူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်ပေါ်မှာလည်း ဒီသတင်းအကြောင်း ဟိုးလေးတကျော်ကျော်ဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။ဂျာရမ်းဝမ် အမည်ရတဲ့ ထီသည်အမျိုးသမီးရဲ့လူမှုကွန်ယက်မှာလည်း “ဂျက်ပေါ့ထီက ကျမတို့ ဖွန်ခရိုင်ဆီ ရောက်လာခဲ့ပြီပေါ့” လို့ ရေးထားခဲ့တာ ဖြစ်ပါတယ်။တကယ့်ကိုဝမ်းသာစရာသတင်းလေးဖြစ်တာကြောင့် ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။