အသက် ၂၁ နှစ်အရွက် US က Katie လို့ခေါ်တဲ့ မိန်းကလေးဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး ။ သေကြောင်းကြံစည်ဖို့မအောင်မြင်တဲ့နောက်ဆုံးမှာတော့ ကမ္ဘာ့အသက်အငယ်ဆုံး မျက်နှာခွဲစိတ်ကုသသူအဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ် ။

Katie ဟာသူမရဲ့အသက် ၁၆ နှစ် မှာခရစ်ယာန် ကျောင်းတစ်ကျောင်းမှာ ကျောင်းသားတစ်ယောက်နဲ့ချစ်ကြိုက်ခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ ဇန်နဝါရီ ၂၀၁၄ မှာ အူအတက်ဖြတ်ပစ်ခဲ့ရပြီး ကျန်းမာရေးပြန်ကောင်းဖို့အချိန်ယူနေတဲ့ ကာလတွေမှာ သူမရဲ့ချစ်သူကောင်လေး ဖောက်ပြန်နေတာကိုတွေ့ခဲ့ရပြီး Katie ဟာအစ်ကိုဖြစ်သူရဲ့အမဲလိုက် ရိုင်ဖယ်သေနတ်နဲ့ ကိုယ့်မျက်နှာကို ပစ်ခဲ့ပါတယ်။

National Geographic မှာဖော်ပြခဲ့တာကတော့ အိမ်အပေါ်ထပ်ကို Katie မိသားစုဝင်တွေ တက်ကြည့်တဲ့အခါ သူမရဲ့မျက်နှာတစ်ခုလုံးရစရာမရှိတော့ပါဘူး။ ၂၀၁၄ မတ်လမှာပဲ အောက်စဖို့က ဆေးရုံတစ်ခုဆီချက်ချင်းသွားတက်ခဲ့ပြီး ခက်ခဲတဲ့ခွဲစိတ်ကုမူတွေလု ပ်ခဲ့ရ ပါတယ်။ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာတော့ သူမရဲ့မျက်နှာအခြေနေ တည်ငြိမ် သွား ပြီလို့ကြေငြာခဲ့ပြီး ၂၀၁၆ မတ်လမှာတော့ မျက်နှာခွဲစိတ်ကုသမူ စာရင်းထဲထည့် သွင်း ခဲ့ပါတယ်။

Katie ရဲ့ခွဲစိတ်ကုသမူဟာ ၃၁ နာရီကြာမြင့်ခဲ့ပြီး မျက်နှာ၊ နှာခေါင်း၊ မေးရိုး စတာတွေကို အစားထိုးခွဲစိတ်ခဲ့ရတာဖြစ်ပါတယ်။ သူမရဲ့ခွဲစိတ်မူကို လှူဒါန်းခဲ့သူကတော့ အသက် ၃၁ မူးရစ်ဆေးဝါးအလွန်ကျွံသုံးစွဲမူကြောင်းဆုံးပါးသွားသူ Adrea Sxhneider ဖြစ်ပါတယ်။ Katie ဟာ အကြာရှည်ဆုံးမျက်နှာခွဲစိတ်ကုသမူဖြစ်စဉ်ကို ဆောင်ရွက်ခဲ့တာဖြစ်ပြီး National Geographic ဓာတ်ပုံဆရာတွေက သူမရဲ့နောက်ကြောင်းအဖြစ်ပျက်တွေကို “The Story Of A Face” ဆိုတဲကခေါင်းစဉ်နဲ့ ကာဗာဇာတ်ကြောင်းတစ်ခုအဖြစ်ဖော်ပြခဲ့ကြပါတယ်။

Source : edition.cnn.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။