အသက်(၄၃) နှစ် ရှိပြီ ဖြစ်တဲ့ Justin Bieber ရဲ့ အဖေဖြစ်သူ Jeremy Bieber ဟာ တစ်ချိန်က Justin မိခင်ဖြစ်သူ Pattie Mallette နဲ့ ချစ်ကြိုက်ခဲ့ပြီး Justin Bieber ဆိုတဲ့ သားလေးတစ်ယောက် ကို မွေးဖွားခဲ့ပြီး လူမမည် အရွယ်လေးမှာပဲ Pattie နဲ့ လမ်းခွဲပြတ်ဆဲခဲ့ပါတယ်။ မိခင် နဲ့ ဖခင်ဖြစ်သူရဲ့ အိမ်ထောင်ရေး ပြတ်ဆဲလမ်းခွဲခဲ့မှုကြောင့် Down to Earth ဆိုတဲ့ သီချင်းတစ်ပုဒ်ကို သူ့ရဲ့ ခံစားချက်တွေနဲ့ ရေးသားခဲ့ပါသေးတယ်။လူမမည် ကလေးလေး ဖြစ်တဲ့ Justin Bieber ဟာ ဆယ်ကျော်သက်သာ ရှိသေးတဲ့ အမေ နဲ့ အဘိုးအဘွားတွေရဲ့ အချစ်မေတ္တာနဲ့ ကြီးပြင်းလာခဲ့ပြီး အသက် (၁၄) နှစ်မှာတော့ ကမ္ဘာကျော် အဆိုတော် လူငယ် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာကျော်ပြီး ချမ်းသာမဲ့ သားလေးတစ်ယောက်ကို မွေးဖွားခဲ့နိုင်တဲ့ Justin မိခင်ဖြစ်သူ Pattie Mallette နဲ့ လမ်းခွဲခဲ့တာ နောင်တ ရသွားစရာများ ဖြစ်မလားလို့ သံသယ ဝင်စရာကောင်းသလို Justin ကတော့ အမေဖြစ်သူနဲ့ ဆက်ဆံရေး အဆင်မပြေပဲ ပြတ်ဆဲလိုက်တဲ့ ဖခင်ဖြစ်သူ Jeremy Bieber ကိုတော့ အချစ်အခင် မပျက်ရှိခဲ့ပါတယ်။ Jeremy Bieber ဟာ နောက်ထပ် အမျိုးသမီး တစ်ဦးဖြစ်တဲ့ Erin Wagner နဲ့ ပြန်လည် လက်ထပ်ခဲ့ပြီး သားသမီးနှစ်ယောက်ကို ပြန်လည်ရရှိခဲ့သလို Jazmyn Kathleen Bieber နဲ့ Jaxon Julian Bieber ဆိုတဲ့ Justin ရဲ့ အဖေတူ အမေကွဲ ညီ နဲ့ ညီမလေး နှစ်ယောက် ရှိပါတယ်။

လက်ရှိမှာတော့ အဖေဖြစ်သူJeremy Bieber ရဲ့ ဒုတိယအိမ်ထောင်ကနေ ရရှိတဲ့ Justin Bieber နောက်ထပ် ညီမလေး ဖြစ်တဲ့ Bay Bieberကို ဒီသြဂုတ်လ(၁၆) ရက်နေ့ မွေးဖွားခဲ့ပြီ ဖြစ်ပါတယ်။ Justin ဟာ သူရဲ့ ညီမလေး အသစ်အတွက် အရမ်းကို ပျော်ရွှင်နေသလို " Meet the newest bieber, my little sister BAY BIEBER " ဆိုပြီး Instagram မှာ ပို့စ် တင်ပြီး ကြွားခဲ့ပါသေးတယ်။ နာကျင်စရာ ကောင်းတာလေးတစ်ခုကတော့ Justin ဟာ သူ့နဲ့ အတူ မရှိနိုင်ခဲ့တဲ့ အဖေရဲ့ နောက်မိန်းမ က မွေးတဲ့ ကလေးတွေကို သူ့ရဲ့ မွေးချင်းလေးတွေလို ချစ်မြတ်နိုးနေခဲ့တာပါပဲ...။

source: https://www.eonline.com;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။