မြန်မာကတော့ မနက်ဖြန် ၃း၃၀မှာ အာရှရဲ့ ထိပ်သီးချန်ပီယံကြီး အီရန်နဲ့ ယှဉ်ပြိုင်ကစားရမှာလဲဖြစ်ပါတယ်။ မြန်မာအသင်းဟာအုပ်စုတက်ဖို့အတွက်အီရန်အသင်းကို၄ဂိုးပြတ်အနိုင်ရမှအုပ်စုတက်နိုင်မှာလည်းဖြစ်ပါတယ်။ဒါပေမဲ့ မြန်မာအသင်းကတော့ အီရန်နဲ့ ရင်ဆိုင်ကစားဖို့အေးအေးဆေးဆေးနဲ့ ရယ်မောကာ ပျော်ပျော်ပါးပါးလေ့ကျင့်ခန်းဆင်းနေကြပါတယ်။

မြန်မာအသင်းအနေနဲ့ မြောက်ကိုးရီယားနဲ့ပွဲမှာ သရေရလဒ်ကိုရယူနိုင်တဲ့အကြောင်းကတော့ ဖိအားမရှိဘဲ ကစားခဲ့လို့ဖြစ်ပြီး မြန်မာအသင်းအနေနဲ့ဖိအားတွေနဲ့ရင်ဆိုင်ရရင် ခြေစွမ်းတွေကျနေတတ်ပါတယ်။ အာရှထိပ်သီးအီရန်ကိုရင်ဆိုင်ရမယ်ဆိုတဲ့ ဖိအားမြန်မာအသင်းသားနဲ့နည်းပြဆီမှာမရှိဘဲ ပျော်ရွင်နေကြတာက မြန်မာအသင်းရဲ့ အားချက်ချက်တွေဖြစ်လာမှာပါ။

အာရှအားကစားပွဲတော်အတွက် ပွဲစဉ်တွေထွက်ပေါ်လာထဲက မြန်မာအသင်းအနေနဲ့ ရုန်းကန်ရမယ်ဆိုတာ မြန်မာနိုင်ငံသားတိုင်းသိပါတယ်။ ဒါပေမဲ့ မြောက်ကိုးရီးယားကို အနိုင်ရခါနီးဖြစ်သလို ဆော်ဒီ ကိုမပေးသင့်ဘဲ ဒိုင်ရဲ့ အမှှားကြောင့်ပေးလိုက်ရတဲ့ ပင်နယ်တီတွေကြောင့်သာ မဟုတ်ရင် မြန်မာအသင်းအနေနဲ့ ရလဒ်တွေတစ်မျိုးဖြစ်လာနိုင်ပါတယ်။ မြန်မာကစားသမားတွေကောနည်းပြတွေကော နှစ်ပွဲစလုံးမှာ အရင်ကထက် ပိုကောင်းလာပြီး ကြိုးစားလာကြတယ်ဆိုတာ အဆိုပါနှစ်ပွဲကြည့်တဲ့ မြန်မာဘောလုံးပရိသတ်တွေပဲ သိမှာပါ။မြန်မာပရိသတ်တွေကတော့ မြန်မာအသင်း အနိင်အရှုံးဆိုတာကို အဓိက မထားဘဲ အားပေးနေကြမှာပါ။

source  mff

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။