မြန်မာလက်ရွေးစင်အမျိုးသမီး အသင်းရဲ့ အဓိက ပဲကိုင်ရှင် သန်းသန်းထွေးကတော့ လက်ရွေးစင်ဘဝ ကနေ အနားယူသွားခဲ့သလို ကလပ်အသင်းကနေလဲ အနားယူသွားခဲ့ပြီဖြစ်ပါတယ်။သူမကတော့ အသက် (၃၂)နှစ် အရွယ် ရှိပြီး အသက်အရွယ်အရ ကြံ့ခိုင်မှု မပြည့်ဝခြင်းကြောင့် အနားယူရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောထားပါတယ်။

‘‘အသက်အရွယ်ကြောင့် အရင်လိုလည်း မကစားနိုင်တော့ ဘူး။ ဒါကြောင့် အနားယူဖို့ဆုံး ဖြတ်လိုက်တာပါ။ ပြီးခဲ့တဲ့ မလေး ရှားဆီးဂိမ်းပြီးကတည်းက အနား ယူဖို့လုပ်ခဲ့ပေမယ့် အသင်းက လို အပ်ချက်ရှိတယ်ဆိုတာကြောင့် ပြန်ကစားဖြစ်တာပါ။ အခုတစ်ခါ တော့ ကလပ်အသင်းကရော၊ လက်ရွေးစင်ကစားသမားဘဝက ရော အနားယူမှာပါ’’ဟု သန်း သန်းထွေးက ပြောထားပါတယ်။    

ဇွဲကပင်ယူနိုက်တက် အသင်း၌ အသင်းခေါင်းဆောင် အဖြစ် ပါဝင်ကစားနေပြီး မကြာခင်မှာ ဘောလုံး ကစားခြင်းမှ အနားယူကာ ဇွဲက ပင်အသင်းတွင် လက်ထောက် နည်းပြအဖြစ် ဆောင်ရွက်မှာလဲဖြစ်ပါတယ်။ သူမဟာဆယ် စုနှစ်တစ်ခုကျော် ကစားခဲ့ပြီး မြန် မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းနှင့်အတူ ၂၀၀၄ နှင့် ၂၀၀၇ အာဆီယံအမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆု ရယူခဲ့ပါတယ်။ 

source  fmf 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။