နာမည်ကြီးဇာတ်ပို့ဇာတ်ရံတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ကျော်ဇင်ထွဋ်ကတော့ လက်တလောမှာ မိသားစုပြသနာလေးတွေနဲ့ ရင်ဆိုင်နေရပြီး ချစ်ရတဲ့မိသားစုနဲ့ ခေတ္တခဏ ခွဲခွာနေရတဲ့အခြေအနေလေးတွေအထိရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ကျော်ဇင်ထွဋ်ရဲ့ ဘဝမှာအချစ်ရဆုံးလူတွေလို့သတ်မှတ်ထားတဲ့ ချစ်ဇနီးသည်လေးနဲ့ သမီးလေးတွေဟာ ကျော်ဇင်ထွဋ်ကိုခွဲခွာသွားခဲ့တာအခုဆိုရင်(၂)လတောင်ရှိခဲ့ ပြီလို့သိရပါတယ်။။ကျော်ဇင်ထွဋ်ကတော့ အရင်လိုမိသားစုစုံစုံလင်လင် လေးပြန်လည်နေရဖို့ အပြည့်အ၀ ဆန္ဒရှိနေတာပဲ ဖြစ်ပါတယ်။


သူရဲ့လူမှုကွန်ယက်မှာလည်း မိသားစုကိုလွမ်းဆွတ်နေတဲ့အကြောင်းတွေ မိသားစုနဲ့ ပတ်သတ်တဲ့ အမှတ်တရဓာတ်ပုံလေးတွေကို နေ့တိုင်းလိုလို တင်နေခဲ့တာဖြစ်ပြီးပရိသတ်တွေအားလုံးလည်းထပ်တူစိတ်မကောင်းဖြစ်နေကြရပါတယ်။ဒီတစ်ခေါက်မှာတော့ မပြေလည်သေးတဲ့အခြေအနေတွေကြောင့် ခွဲခွာနေကြရတဲ့ မိသားစုဝင်တွေအားလုံးရဲ့နာမည်နဲ့မွေးသက္ကရာဇ်လေးတွေကို သူရဲ့ ခန္ဓာကိုယ်အရေပြားပေါ်မှာ သေရာပါအမှတ်အသားတစ်ခုအဖြစ်ရေးထိုးလိုက်ပါတယ်။သူရဲ့ပခုံးဘယ်ဘက်ခြမ်း မှာ ချစ်ဇနီးသည်လေးရဲ့ နာမည်လေးနဲ့ ချစ်သမီးလေးနှစ်ယောက်ရဲ့ နာမည်လေးတွေကို တက်တူးရေးဆွဲပြီး မိသားစုအပေါ်ထားတဲ့ အချစ်တွေကို သေရာပါမှတ်တမ်းတင်ရေးထိုးလိုက်တာပဲ ဖြစ်ပါတယ်။

မိသားစုလေးဝင်လေးတွေရဲ့ နာမည်လေးတွေကိုအရေပြားပေါ်မှာ သေရာပါ ကဗျည်းရေးထိုးခဲ့တဲ့အထိ ကျော်ဇင်ထွဋ်ရဲ့ မိသားစုအပေါ်ချစ်တဲ့စိတ်ထားလေးကို ပရိသတ်တွေချီးကျူးမဆုံးဖြစ်နေကြရတာပဲ ဖြစ်ပါတယ်။သူတို့မိသားစုလေးရဲ့ ပြသနာလေးတွေကိုမသိရပေမယ့်လည်း အရင်လိုစည်းစည်းလုံးလုံး သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာကောင်းတဲ့မိသားစုလေးအဖြစ်အမြန်ဆုံးပြန်လည်နေထိုင်နိုင်ဖို့ ပရိသတ်တွေကဆုတောင်းပေးကြပါအုန်းနော်။ကျော်ဇင်ထွဋ်ရဲ့လေးစားစရာကောင်းတဲ့လုပ်ရပ်လေးဖြစ်တဲ့ ခန္ဓာကိုယ်အထက်က မိသားစုတွေရဲ့ နာမည်ကဗျည်းရေးထိုးမှုပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်နော်။

သတင်းအရင်းအမြစ် - ကျော်ဇင်ထွဋ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။