ပရိတ်သတ်ကြီးရေ ယခုနေထိုင်တဲ့ ပတ်ဝန်းကျင်မှာတော့ ယောကျ်ားတွေကသာ မိန်းကလေးအဖြစ်လိင်ပြောင်းလဲမှုကိုပဲ မြင်တွေ့နေရသလိုဖြစ်နေပါတယ်။ ဒါပေမယ့် မိန်းကလေးကနေ ယောကျ်ားလေးအဖြစ် လိင်ပြောင်းလဲကြတဲ့သူတွေလဲ များစွာရှိနေပါတယ်။ လက်ရှိအမေရိကန်မှာဆိုရင်လည်း လိင်ပြောင်းလဲပြီးနေထိုင်သူ 1.4 million နီးပါးရှိတယ်လို့တောင်သိရပါတယ်။

ယခုမြင်တွေ့နေရတဲ့ ပုံတွေကတော့ ဖလော်ရီဒါက ဂီတပညာရှင် တစ်ယောက်ဖြစ်တဲ့ Jaimie Wilson ပဲဖြစ်ပါတယ်။ သူမကတော့ 2015 ခုနှစ်မှာ သူငယ်ချင်းတွေ နဲ့မိသားစုဝင်တွေကို တုန်လှုပ်သွားစေတဲ့ မိန်းမအဖြစ်ကနေ ယောကျာ်းအဖြစ်ကို လိင်ပြောင်းခဲ့မှုကိုပြုလုပ်ခဲ့ပါတယ်။ ပြောင်းလဲပြီးပြီးချင်းမှာတော့ transgender တစ်ယောက်အနေနဲ့ အပြင်ထွက်ရမှာကြောက်ရွံ့ခဲ့ပေမယ် အခုချိန်မှာတော့ သူ့ရဲ့ကျိုးစားမှုကြောင့် လူအများကလက်သင့်ခံလာခဲ့ပြီး Instagram မှာဆိုရင် follower သိန်းပေါင်းများစွာရှိနေခဲ့ပါပြီ။

Jaimie ကတော့ လိင်ပြောင်းလဲဖို့ကိစ္စအ၀၀အပြင် Gym အပြင်းအထန်ကစားခဲ့ပြီးနောက် ၂ နှစ်မှာတော့ ယောကျ်ားတစ်ယောက်အသွင်အဖြစ်လုံးဝခံယူခဲ့ပါတယ်။ 18 နှစ်တိုင်တိုင် မိန်းမအရမ်းဆန်တဲ့ပုံစံကနေ အခုလို ယောကျာ်းတစ်ယောက်သွင်ပြင်အဖြစ်ပြောင်းလဲသွားမှုအပေါ် ဝေဖန်မှုများစွာခံခဲ့ရပေမယ့် အများအမြင်မှာခက်ခဲမယ်ထင်တဲ့ယောကျာ်းဆန်တဲ့သွင်ပြင်ရဖို့ အရမ်းကိုကြိုးစားခဲ့ရတယ်လို့လဲသိရပါတယ်။ ထိုပြောင်းလဲမှုအပေါ် Jaimie ကတော့ “အများထင်ထားသလို ၊မျှော်လင့်ထားသလို သင်ဖြစ်နေဖို့မလိုပါဘူး။ကိုယ်ဘယ်သူလဲဆိုတာပဲ ကိုယ်သိဖို့လိုပါတယ် “ လို့ဆိုပြီး သူ့ရဲ့ကိုယ်ပိုင်ခံစားချက်လေးကိုမျှဝေခဲ့ပါတယ်။

source - CANTWAIT2SAY

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။