အကယ်ဒမီနေတိုးဟာ အနုပညာလုပ်ငန်းမျိုးစုံမှာ တော်သူဟူ၍ နာမည်ကြီးလေ့ရှိပါတယ်။ သရုပ်ဆောင်လဲကောင်း၊ သီချင်းဆိုတာလဲတော်သည် ထို့အပြင် ပရိသတ်တော်တော်များများသိတဲ့ အတိုင်း ပန်းချီအနုပညာမှာလည်း နေတိုးရဲ့ ဇက မသေးရှာပါဘူး။ ဒီတစ်ခေါက်မှာလည်း NLD အတွက် ငွေအားထက် အဓိပ္ပာယ်ရှိတဲ့ ပန်းချီကားကို ဆွဲပေး လှူဒါန်းခဲ့ပါတယ်။

ရှင်သန်ခြင်း(၃) မြတ်ဒါနအလှူ ပန်းချီပြပွဲ အတွက် NLD၏ HIV/ AIDS လူနာစောင့်ရှောက်ရေးစင်တာသို့လှူဒါန်းမည့် ပန်းချီပြပွဲအတွက် အနုပညာ ဒါနလေးဖြင့်ပါဝင်လိုက်ခြင်းဖြစ်ပါသည် ပန်းချီကား၏အမည်မှာ (လက်များဖြင့်လောကကြီးကိုအလှဆင်ပါ )ဟုအမည်ပေးထားပြီး 3.feb .2017 မှာရေးခဲ့သော 40 , 50cm ရှိသော Watercolor ပန်းချီကားဖြစ်ပါသည်။ ဗိုလ်ချုပ်စျေး တော်ဝင်ပန်းချီပြခန်းတွင် 4 ရက်နေ့မှ18 ရက်နေ့အထိပြသသွားမှာဖြစ်ပါတယ်

ကျွန်တော် ဆက်လက်ကြိုးစားပါဦးမည်

ထာဝရ....နေတိုး

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။