ဒီလိုက်ဖက်ညီတဲ့အတွဲကတော့ ပရိသတ်တွေအမြင်ကတ်စရာကောင်းအောင်ပဲ ချစ်ပြနေကြပြီနော်။ ၀ိုင်းစုရဲ့ လက်ရှိမှာ စီစဉ်နေဆဲဖြစ်တဲ့ မီနီအယ်လ်ဘမ်မှာ အောင်လကိုယ်တိုင် ရေးပေးထားတဲ့ သီချင်းတစ်ပုဒ်ပါဝင်မယ်လို့ သိရပါတယ်။

သီချင်းနာမည်ကတော့ " ငါ့ရဲ့အရာရာ " ဖြစ်ပြီး အောင်လကိုယ်တိုင်ရေးစပ်ထားပြီး ၀ိုင်းစုကနေ သီချင်းထဲမှာ ပါဝင်တဲ့အကြောင်းအရာကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါဘူး။

အဆိုပါသီချင်းပါဝင်တဲ့ မီနီအယလ််ဘမ်ကို " ဂာ "အခွေမတိုင်ခင်ထုတ်သွားမှာဖြစ်ပြီး အခွေထွက်ပြီးရင် တစ်ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အောင်လကနေလည်း ဖေဖော်ဝါရီမှာ ထွက်ရှိမယ့် တစ်ကိုယ်တော်ခွေမှ သီချင်းတစ်ပုဒ်ကို ၀ိုင်းစုနဲ့တွဲဖက်သရုပ်ဆောင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

Source : 7days

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။