အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာလောကမှာ ရွှေမှုန်ရတီရယ်လို့ နာမည်တစ်လုံးရယူပြီးဖြစ်တဲ့ ရွှေမှုန်ရတီရဲ့ညီမဖြစ်သူ ငွေမှုန်ရတီကလည်း အစ်မနည်းတူ အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ရှိတယ်လို့ဆိုပါတယ်။ 

ရွှေမှုန်ရတီကို ပညာရေးမပြီးဆုံးသေးဘဲ အနုပညာလမ်းကိုလျှောက်ဖို့ ဆုံးဖြတ်ခဲ့တဲ့သူတစ်ယောက်အဖြစ် ပရိသတ်တွေကသိမြင်ကြပေမယ့် ငွေမှုန်ရတီကတော့ ပညာရေးနဲ့အနုပညာနှစ်ခုလုံးကို မျှတအောင်ကြိုးစားနေပြီး ပရိသတ်ကို သူမရဲ့ကြိုးစားမှုလေးတွေ ချပြချင်တယ်လို့ ဆိုပါတယ်။

အစ်မဖြစ်သူ ရွှေမှုန်ရတီဆီကနေ ဘယ်လိုသရုပ်ဆောင်ပိုင်းမျိုးလေ့လာသလဲဆိုတဲ့ အပေါ်

" အစ်မကတော့ ငိုတာအရမ်းတော်တဲ့အတွက် သူ့ဆီ ငိုတာလေးတွေ တစ်ချက်တော့ မေးကြည့်ဖြစ်တယ်။ နောက် အမေကလဲ ပြောပြတယ်။ အခက်အခဲတော့ သိပ်မရှိပါဘူး။ တစ်ချို့ကလဲပြောကြတယ်။ အနုပညာလောကထဲမှာ မောင်နှမတို့၊ ညီအစ်မတို့ဆိုရင် အကြီးတွေကအောင်မြင်ရင် အငယ်တွေကကျန်ခဲ့တယ်ပေါ့နော်။ အဲ့ဒါကလဲ ကိုယ့်ကြိုးစားမှုနဲ့ပဲ ဆိုင်မယ်လို့ထင်ပါတယ်။ ကိုယ်ကြိုးစားမှကိုယ်ရတာဆိုတော့ ဒါကကြိုးစားမှာဖြစ်မယ်။ အဲဒါကြောင့် ငွေမှုန်ကြိုးစားနေပါတယ်။ ပရိသတ်ရဲ့အားပေးမှုရအောင်လဲ ငွေမှုန်ကြိုးစားနေပါတယ်။ "

Source : Myanmar Cuties

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။