မေမေ့ကို V day မှာချောကလက်ဆောင် ပေးတဲ့ သမီးလေးပြေသုဒြာ

ဒီကနေ့ကတော့ အားလုံးသိထားကြတဲ့အတိုင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ချစ်သူများနေ့ V-day ပဲဖြစ်ပါတယ်။ နေရာအနှံ့မှာ အကျင်္ ီဆင်တူနဲ့ စုံတွဲတွေကို တွေ့နေရပြီး လက်ထဲမှာလည်း အရုပ်တွေ ပန်းစည်းတွေ ချောကလက်လေးတွေ ကိုင်ထားတာတွေ့ကြပါတယ်။

V-day မှာ ကိုယ်ချစ်ရတဲ့သူတွေကို ကိုယ့်ချစ်သူတွေ သူငယ်ချင်းတွေ မိဘတွေ မောင်နှမတွေကို V-day ရဲ့ သင်္ကေတဖြစ်တဲ့ ချောကလက်လေးတွေ ကျွေးလေ့ရှိကြပါတယ် ပရိသတ်ကြီးရေ………

Valentine day မှာ ဖေဖေပြေတီဦး နဲ့ မေမေအူဝဲ တို့ရဲ့သမီးလေးက ပြေသုဒြာကလည်း မေမေ့အတွက် ချောကလက်လက်ဆောင်ပေးသတဲ့လေ။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး အိန္ဒြာကျော်ဇင်က သူမရဲ့ လူမှုစာမျက်နှာမှာ ယခုလိုပဲ ရေးသားထားတာတွေ့ရပါတယ် ပရိသတ်ကြီးရေ………

"ကျောင်းကြိုပြီးပြန်လာတော့..မယ်သုက မေမေ့တွက် Valentine chocolate တဲ့..ကြည့်ဦး..သူ ့ချော့ကလက်..မနည်းလိုက်ရှာရတယ်..??"

Source: Eaindra Eaindra

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။