စတီဗင်လှ နှင့် သဥ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံရဲ့ ချစ်သူများနေ့အမှတ်တရ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၃) ရက်နေ့ကမှ မင်္ဂလာဆောင်ထားတဲ့ ပူပူနွေးနွေး ဇနီးမောင်နှံ စတီဗင်လှ နဲ့ သဥ္ဇာနွယ်ဝင်းတို့ ကတော့ သူတို့ရဲ့ Valentine day နေ့လေးနဲ့ ပတ်သတ်ပြီး ဘယ်လိုဖြတ်သန်းဖြစ်ခဲ့ကြလည်း ဆိုတာရယ် စတီဗင်လှက ဘယ်လိုချစ်သူ့လက်ဆောင် ပေးသလည်း ဆိုတာရယ်ကို သူမရဲ့ လူမှုစာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

သဥ္ဇာနွယ်ဝင်းက သူမရဲ့ လူမှုစာမျက်နှာပေါ်မှာ သူမ ခင်ပွန်းရဲ့ ချစ်သူများနေ့ လက်ဆောင်ပေးထားတဲ့ Tulip ပန်းစည်းလေးနဲ့အတူ သူမတို့စုံတွဲဓာတ်ပုံလေးပါ တင်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် " ကိုကိုနဲ့ အတူရှိနေတဲ့ နေရက်တိုင်းက Valentine Day ပါ" ဆိုပြီး ချစ်စရာ အရေးအသားလေးကိုလည်း ရေးသားထားတာတွေ့ရပါတယ်………

"အလုပ်မအားပေမဲ့ အရမ်းကြိုက်တဲ့ Tulip ? ရအောင်ကြိုမှာ ထားပေးလို့ ပျော်တယ်?

Everyday is Valentine's Day when I am with you ko ko?"

Source: Thinzar Nwewin

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။