စိုးသူနဲ့ ဒါဒါ အောင်လနဲ့ ဝိုင်းစုတို့ရဲ့ ချစ်သူများနေ့ အမှတ်တရလေးတွေ

မနေ့က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကတော့ ပရိသတ်တွေ အားလုံးသိထားကြတဲ့အတိုင်း ချစ်သူများနေပေါ့ နော်…… ကိုယ်ချစ်တဲ့သူတွေနဲ့အတူ အချိန်လေးတွေကို ပျော်ရွှင်စွာ ဖြတ်သန်းကြတဲ့နေ့လေးပေါ့………

ဒီလို ချစ်သူများနေ့မှာ ချစ်သူရှိတဲ့ အနုပညာရှင် မင်းသား မင်းသမီးတွေလည်း ပါဝင်ဆင်နွှဲကြတာပေါ့။ အနုပညာရှင်တွေရဲ့ ချစ်သူများနေ့ထဲမှာမှ နာမည်ကြီး အနုပညာရှင် စုံတွဲတွေဖြစ်တဲ့ စိုးသူ နဲ့ စိုးမြတ်နန္ဒာ အောင်လ နဲ့ ဝိုင်းစုခိုင်သိန်းတို့ရဲ့ ပျော်ရွှင်ဖွယ် Valentine day နေ့လေးအကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။

စိုးသူ နဲ့ ဒါဒါတို့ဟာ နာမည်ကြီး ထိပ်တန်းဝါရင့် သရုပ်ဆောင်တွေဖြစ်ကြတဲ့ အတွက် ပရိသတ်တွေကြား နာမည်ကြီးတဲ့ အနုပညာစုံတွဲတွေထဲက တစ်တွဲဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ချစ်သူများနေ့လေးကတော့ အခြားစုံတွဲတွေလို စုံတွဲပုံတွေ လက်ဆောင်တွေ ဖော်ပြခဲ့ခြင်းမရှိပေမယ့် အကယ်ဒမီစိုးသူကတော့ သူတို့ရဲ့ စုံတွဲ ဓာတ်ပုံလေးကို cover photo အဖြစ် ချစ်သူများနေ့မှာ တင်ခဲ့တာတွေ့ရပါတယ်။

နာမည်ကြီးတေးသံရှင်တွေ ဖြစ်ကြတဲ့ အောင်လ နဲ့ ဝိုင်းစု တို့ချစ်သူစုံတွဲကတော့ ချစ်သူများနေ့မှာ အလုပ်တွေ လုပ်နေကြလေရဲ့။ အောင်လနဲ့ ဝိုင်းစုတို့က Miniso (2) Sule Square မှာ လာရောက်အားပေးကြတဲ့သူတွေကို ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် အမှတ်တရလက်မှတ်တွေ ရေးထိုးပေးနေကြပါတယ်။ သူတို့ရဲ့ စုံတွဲဓာတ်ပုံလေးတွေကတော့ ပရိသတ်တွေကြား အလွန်ရေပန်းစားလျက် ရှိပါတယ်………

Photo credit: Popular

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။