ဆေးမှားကုမိလို့ မျက်ကြည်လွှာပါကွဲသွားပြီး ဘန်ကောက်အထိ ဆေးရုံတက်ကုရတဲ့ ရတနာဗို

ချစ်ရတဲ့သူများရဲ့မေတ္တာတရားကြောင့် ညီမအခုနဲနဲသက်သာလာပါပြီ ရန်ကုန်မှာတစ်ပတ်တိတိဆေးရုံတတ်ခဲ့ရပါတယ် အခြေအနေပ်ိုစိုးလာလို့ ဘန်ကောက်မှာအခုဆေးကုသမူ့ခံယူနေရပါတယ်ရှင့် အစာလဲမစာနိုင် ရေလဲမသောက်နိုင် စကားလဲမပြောနိုင်တော့ပါဘူး မျက်လုံးတစ်ဖက်လဲမျက်ကြည်လွှာကွဲသွားပါတယ် ဘန်ကောက်ရောက်မှ ဖြစ်တဲ့အနာရောဂါကသက်သက် ကုသပေးတဲ့ဆေးကသက်သက်ဖြစ်နေတာသ်ိရပါတယ် ဆေးမှားကုမိလို့ အခုလိုအခြေအနေမျိုးထိဖြစ်ခဲ့ရပါတယ် ညီမလက်ခံထားတဲ့အနုပညာအလုပ်လေးတွေပျက်ကွက်ခဲ့မိတဲ့အတွတ်လဲဆရာသမားတွေနဲ့အနုပညာညီကိုမောင်နှမများအားလုံးကိုလဲတောင်းပန်အပ်ပါတယ်ရှင့်"ရတနာပုံ" ဇာတ်လမ်းတွဲမှဆရာသမားများအကိုအမများအားလုံးလဲ ညီမကြောင့်အလုပ်နှောင့်နှေးတာလေးတွေအတွတ် တောင်းပန်ပါတယ်ရှင့် နေကောင်းပြီဆိုတာနဲ့ဒီထက်မကအများကြီးကြိုးစားပြီး အနုပညာအလုပ်တွေဆက်ပြီးလုပ်သွားပါ့မယ်ရှင့် ချစ်ရတဲ့ပရိတ်သတ်ကြီး စိုးရိမ်ပူပန်နေမှာစိုးလို့ပါ အခုဒီမှာဆေးရုံတတ်တာဆယ်ရက်ကျော်ပါပြီ နောက်ထပ်သုံးလေးရက်ဆို ရန်ကုန်ပြန်လို့ရပါပြီရှင့် နေပြန်ကောင်းတော့မှာပါ အားလုံးစိတ်မပူကြပါနဲ့တော့လို့ သူမရဲ့ facebook မှာရေးသားထားပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။