"မောင့်အိမ်သူလို အရာရာကို နှုတ်ဆိတ်မနေပါနဲ့" ဆိုတဲ့ အိန္ဒြာကျော်ဇင်

ယခုလတ်တလောမှာ ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ဇာတ်ကားကတော့ အကယ်ဒမီအူဝဲ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ "မောင့်အိမ်သူ" ဇာတ်ကားပဲ ဖြစ်ပါတယ်။ သည်ဇာတ်ကားမှာ အိန္ဒြာကျော်ဇင်ဟာ ရီလေးနွယ်ဆိုတဲ့ ခင်ပွန်းနဲ့ သားသမီးတွေအတွက် တာဝန်ကကျေပွန်ပြီး အိမ်မှုကိစ္စနိုင်နင်းတဲ့ အမျိုးသမီးတစ်ဦး အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီလို အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းဖြစ်သူရဲ့ အိမ်ထောင်ရေး ဖောက်ပြန်ခြင်းခံရတဲ့အခါ…………

ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကတော့ အကယ်ဒမီအူဝဲကနေ ထပ်ဆင့်အကယ်ဒမီအူဝဲ ဖြစ်လာမယ်ဆိုပြီး ထစ်ထစ်ချပြောဆိုမှုတွေ ရှိနေပါတယ်။

သည်ဇာတ်ကားနဲ့ ပတ်သတ်ပြီး အူဝဲရဲ့ ခံစားချက် အတွေ့အကြုံတွေကို မေးကြည့်တဲ့အခါမှာတော့

" ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီး အမှတ်တရတွေ အခက်အခဲတွေလည်း အများကြီးပါပဲ။ အူဝဲဆီကို ဇာတ်ညွှန်းစာရွက် ရောက်လာတည်းက အူဝဲ ဒီဇာတ်လမ်းပုံစံကို သဘောကျခဲ့တယ်။ အူဝဲ ရဲ့ပရိသတ်အတွက်လည်း massage ကောင်းကောင်းတစ်ခု ပေးနိုင်လိမ့်မယ်လို့လည်း ယုံကြည်ခဲ့တယ်။ ဒီ မောင့်အိမ်သူ ဇာတ်ကားထဲက ဇာတ်ဆောင်အမျိုးသမီးရဲ့ ဆုံးဖြတ်ချက် ချစ်ပုံချစ်နည်း ပြသနာကိုဖြေရှင်းတဲ့နည်း စတဲ့အကြောင်းအရာတော်တော်များများ မှားတယ်လို့ အူဝဲထင်တယ်။ အူဝဲသာဆို ဒီလိုမျိုးဖြေရှင်းမှာ မဟုတ်ဘူး။ ဒါ့ကြောင့် အူဝဲပြောချင်တာက ပြသနာတစ်ခုခုနဲ့ ကြုံလာလို့ ကိုယ့်ရဲ့ဆုံးဖြတ်ချက် တစ်ခုတည်းနဲ့ ကိုယ့်ရဲ့အယူအဆ တစ်ခုတည်းနဲ့ ဖြေရှင်းလို့ မရတော့ဘူးဆိုရင် ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ့် မိတ်ဆွေ ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့တိုင်ပင်ပြီး အကောင်းဆုံးနည်းတစ်ခုကိုရှာသင့်ပါတယ်" ဆိုပြီး ပြောပြခဲ့ပါတယ်။

အူဝဲ အနေနဲ့ အမျိုးသမီးထုကို ပြောပြခဲ့တဲ့ စကားကတော့ " ဒီဇာတ်ကားထဲက အမျိုးသမီးလို နှုတ်မဆိတ်သင့်တာတွေ နှုတ်ဆိတ်နေခဲ့ရင် မဖြစ်သင့်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အရာရာကို နှုတ်ဆိတ်မနေပါနဲ့လို့ အူဝဲပြောချင်ပါတယ်" ဆိုပြီး ပြောသွာခဲ့ပါတယ် ပရိသတ်ကြီးရေ………

Source: Local Celebrity News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။