မူးယစ်ဆေးဝါးမှုဖြင့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နောင်နောင် ဖမ်းဆီးခံရ

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နောင်နောင်ကို ယနေ့(ဖေဖော်ဝါရီလ ၁၈ ရက်) နေ့လည်ပိုင်းက မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားကြောင်း မန္တလေးမြို့ အမှတ် (၆) နယ်မြေရဲစခန်းမှ သတင်းရရှိသည်။

"ရုပ်ရှင်မင်းသား နောင်နောင်ကို မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းမိထားတယ်ဆိုတာ ဟုတ်ပါတယ်။ မူးယစ်မြောက်ပိုင်းတပ်ဖွဲ့က ဖမ်းဆီးတာပါ။ အခုလေးတင် စခန်းကို လာထားသွားလို့ အမှု မဖွင့်ရသေးပါဘူး။ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ တနင်္လာနေ့မှ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ရမန်ယူရမှာပါ "ဟု အမှတ် ၆ နယ်မြေရဲစခန်းမှ ရဲအုပ်ချမ်းသာက ပြောကြားသည်။

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နောင်နောင်သည် ၂၀၁၁ ခုနှစ်က “ထာဝရအလင်းတန်းများ” ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သူဖြစ်ကြောင်း သိရသည်။

Source: Local Celebrity News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။