နေတိုးကို ထိုင်းရုပ်ရှင်ထူးချွန်ဆု ရစေချင်တယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

"From Bangkok To Mandalay" ဇာတ်ကားကို ထိုင်းမြန်မာ ဖက်စပ် နှစ်ဖက်အနုပညာရှင်များဖြင့် ရိုက်ကူးခဲ့ပြီး နှစ်နို်င်ငံလုံးမှာ အောင်မြင်ခဲ့ပါတယ်။ မြန်မာသရုပ်ဆောင်တွေအနေနဲ့ နေတိုး စိုင်းစိုင်းခမ်းလှိုှုင် ဝတ်မှုံရွှေရည်တို့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်ကြားရေးပန်းစားတဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။

ထိုင်းရုပ်ရှင်ထူးချွန်ဆုအတွက် ဒီဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ နေတိုးနဲ့ စိုင်းစိုင်းတို့ဟာ Nomination ထဲမှာ ပါဝင်ခဲ့ကြပါတယ်။ နေတိုးကို ဇာတ်ပို့ဆု စိုင်းစိုင်းကိုဇာတ်ဆောင်ဆုဆိုပြီး ဆန်ကာတင်စာရင်း ပါဝင်ခဲ့ပါတယ်။

ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီး စိုင်းစိုင်းခမ်းလှိုင်ရဲ့ခံစားချက်ကို မေးကြည့်တဲ့ အခါမှာတော့………

‘‘From Bangkok to Man-dalay မှာ သရုပ်ဆောင်အနေနဲ့ ကျွန်တော့်ကိုရော၊ ကိုနေတိုးကို ရော Category တစ်ခုစီခွဲပြီး Nomination ထဲ ထည့်ထားတာ တွေ့ရပါတယ်။ ဒီကားမှာ ကျွန် တော်သရုပ်ဆောင်ရတာထက် စာရင် ကိုနေတိုးက ပိုပြီး စူးစူးနင့် နင့်ကြေကြေကွဲကွဲသရုပ်ဆောင် ရတာတွေ ပါဝင်တဲ့အတွက် သူ့ကို ရစေချင်ပါတယ်။ နိုင်ငံရပ်ခြားမှာ ကိုယ့်နိုင်ငံက သူ ဘယ်သူပဲဖြစ် ဖြစ် ဆုရတာမျိုးကို မျှော်လင့်ပါ တယ်’’ ဟု စိုင်းစိုင်းခမ်းလှိုင်က ပြောသည်။

Source: Local Celebrity News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။