လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ ဆိုင်သစ်လေး

ပရိသတ်တွေက အားကျရပြီး လိုက်ဖက်တဲ့စုံတွဲလို့ သတ်မှတ်ထားတဲ့ လင်းလင်း နဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံဟာ "COLOUR BOX car spa & dining house" ဆိုတဲ့ ဆိုင်သစ်လေးကို မန္တလေးမြို့ ၃၅ လမ်းနဲ့ ၆၅ လမ်းထောင့်မှာ ဖွင့်လှစ်မယ်လို့ သိရပါတယ်။

ဒီဆိုင်လေးနဲ့ ပတ်သတ်ပြီး ချစ်သုဝေကတော့ သူမရဲ့ လူမှုကွန်ယက်မှာ ယခုလို ရေးသားပြီး ပရိသတ်တွေကို ဖိတ်ကြားခဲ့ပါတယ်။

"ကိုလင်း နဲ့ Treza တို့ရဲ့ "COLOUR BOX car spa & dining house" လေးကို မန္တလေးမြို့ ၃၂ လမ်းနဲ့ ၆၅လမ်းထောင့် မှာ ၂ဝရက်နေ့ ဖွင့်မှာပါ... မန္တလေးမှ Treza တို့ရဲ့ မိတ်ဆွေများ ကား ရေဆေး အလှဆင် ရင်း snacks & drinks မျိုးစုံတစ်ခါတည်းသုံးဆောင်နိုင်လို့ လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါရစေနော်...

P.s စာကြည့်တိုက်ငယ်လေးလည်းထားပေးထားတာမို့ စာပေချစ်မြတ်နိုးသူများအတွက်လည်း စိတ်ကျေနပ်စရာ ဖြစ်မှာပါ!!"

Source: Chit Thu Wai

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။