စင်ပေါ်မှာမိုက်ကိုလွှင့်ပစ်ပြီး ပရိသတ်ကို မလေးမစားလုပ်သွားတယ် ဆိုတဲ့ အဆိုတော် မနော
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ အောင်မြေသုခ ကျောင်းတိုက်အမှတ် ၁ ရပ်ကွက်မတ္တရာမြို၌
မတ္တရာလူငယ် လူမှူကူညီရေးအသင်းအား ကား ၂ စီး လှူဒါန်းထားသော "အောင်မြင့်မြတ်" ကဖေး အလှူတော် မင်္ဂလာအတွက် တေးသံရှင် မနောအား ငွေကျပ်၂၄ သိန်းဖြင့်ဖျော်ဖြေရန်ကမ်းလှမ်းခဲ့ပြီး အဆိုတော်မနောမှ မိမိအသံပိုင်းအားနည်းမူကိုမမြင်ဘဲ စက်ပညာရှင်ကို စော်ကားပြောဆိုမူများပြုလုပ်သလို မလေးမစားဆက်ဆံသည့်အတွက် ပွဲစီစဉ်သူဦးကော်ကော်မှအသိပေးလို
တဲ့သဘောဖြင့် ထိခိုက်လိုစိတ်မရှိဘဲ Facebook ပေါ်တွင် ရေးသားတင်ပြခဲ့ခြင်းဖြစ်ကြောင်း အကုန်သိသတင်းဌာနကို အခု
လိုပြောဆိုခဲ့ပါတယ်။
''တော်တော်မိုက်ရိုင်းတဲ့၊ ဗိုလ်အောင်ဒင်....မနေ့ညက အလှူတစ်ခုမှာ Show ပွဲလေးဖြစ်မြောက်ဖို့ ကျွန်တော် စီစဉ်ပေးခဲ့ပါတယ်၊
ည ၉ နာရီကျော်လောက်ဗိုလ်အောင်ဒင်ဆိုတဲ့ အဆိုတော်တစ်ယောက် စင်ပေါ်တက်လာတယ်၊ သီချင်း မသီဆိုခင် ကျွန်တော့်ကိုပြောတယ်၊
ကျွန်တော့်ကို ပွဲကြေးလေး အရင်ရှင်းပေးပါ။ ရတယ် ညီလေး အစ်ကိုက ပွဲစီစဉ်သူပါ၊
အဲဒါနဲ့ ကျွန်တော့်အိတ်ထောင်ထဲက ၁၀၀၀၀ တန်တစ်အုပ်ထုတ်ပြီး ကျန်တဲ့ ပွဲကြေး ၉ သိန်း ထုတ်ပေးလိုက်တယ်၊
ပထမဦးဆုံး သီချင်းဆိုတော့ ကျွန်တော်တို့ စက်အင်ဂျင်နီယာတွေ အဆိုတော်တစ်ယောက်ရဲ့အသံ အက်နေတာကို သိလိုက်တယ်၊
အတတ်နိုင်ဆုံး အဆင်ပြေအောင်စက်ချိန်ပေးခဲ့တယ်။ ဒုတိယ သီချင်း မဆိုခင် အဆိုတော်က ပရိတ်သတ်တွေကို တောင်းဆိုတယ်၊
" ကျေးဇူးပြု၍ ပရိတ်သတ်များ ခင်ဗျာ ကျွန်တော်က ပွဲဆက်များနေလို့ မအော်နိုင်ဘူး ဖြစ်နေတာ ကျေးဇူးပြုပြီး ပရိတ်သတ်များလိုက် ပြီး သီဆိုပေး ကြပါဦး"
ဆိုပြီး တောင်းဆိုတော့ မတ္တရာမြို့က ပရိတ်သတ်တွေဝိုင်းပြီး သီချင်းလိုက်ဆိုပေးခဲ့ကြပါတယ်ပေါ့၊
တတိယမြောက်သီချင်း ဆိုတော့ သူ့ အသံက ဘူးပေါ်သလို အက် သံတွေ ထွက်လာပါတယ်၊ စက်တွေက ကောင်းတော့ အဆိုတော်က
သူ့ကိုယ်သူ အရမ်းရှက်ပြီး စက်ကိုင်တဲ့အင်ဂျင်နီယာကို အပြစ်စပြောတယ်။
ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့ဗျာ၊ နောက်ပိုင်းကျတော့ သီချင်းဆိုနေတဲ့မိုက် တောင်လွှင့်ပစ်တယ်ဗျာ
အဲ့လိုတော့ မလုပ်သင့်ဘူးထင်တယ်၊ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ အသုံးပြုထားတဲ့
မိုက် တွေက အနည်းဆုံး ၁၀ သိန်းကျော် တန်ပါတယ်၊ မိမိဆိုတဲ့အသံ အသုံးမကျတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စက် အင်ဂျင်နီယာကို အပြစ်မပုံချပါနဲ့
ကျွန်တော့်ကို ကူညီပေးတဲ့ စက်အင်ဂျင်နီယာက ရန်ကုန်ကနေ လာပြီး ကူညီပေးသူ တစ်ယောက်ပါဗျ၊
ပွဲကြီးတစ်ခုလုံးကိုတောင် စွမ်းဆောင်နိုင်တဲ့ ပညာရှင်တစ်ယောက်ပါဗျာ၊ သူနာမည်ကတော့ ကိုတရုတ်လေးပါ'' လို့ ဦးကော်ကော်က ပြောပါတယ်။
“မိမိကိုယ်ကိုယ် မာန်မတက်ပါနဲ့ အဆိုတော်.... မိမိ အသံမကောင်းတဲ့ကိစ္စကို တစ်ဖက်လူချောက်ချပြီး ၂၄ သိန်း ယူသွားတာလားဗျာ။
ကျွန်တော်အနုပညာလောကထဲမှာ အဆိုတော်ပေါင်းစုံနဲ့ ကြုံတွေ့ ဆက်ဆံခဲ့ဖူးသူပါ၊
ဒီလောက်ရိုင်းတဲ့ အဆိုတော်မျိုးနဲ့ ကျွန်တော် မကြုံဖူးသေးဘူးဗျ၊ မတ္တရာမြို့သူ၊ မြို့သား၊ နယ်သူ၊ နယ်သားတွေ အားပေးသလောက်
မတ္တရာမြို့နဲ့ ခင်ဗျား မတန်ဘူးထင်တယ်ဗျာ။ ကျွန်တော့်ကို အစစအရာရာ ကူညီပေးကြသောမိတ်ဆွေသူငယ်ချင်းတွေကို အားနာမိပါတယ်၊
ပြဿ နာရှာပြီး ၅ ပုဒ်ပဲဆိုသွားတာ၊ ကျွန်တော်ကတော့ သူ့ပွဲကို လုံးဝ လက်မခံတော့ဘူး၊
သတိထားကြပါ၊ ဗိုလ်အောင်ဒင်က သေနတ်တစ်လက်နဲ့ နာမည်ကြီးတော့လုပ်ပေါ့''ဟု ပွဲစီစဉ်သူ U Kaw Kaw က လည်ကောင်းရဲ့
Facebook စာမျက်နှာလိုက်ရေးတင်းခြင်းဖြစ်ကြောင်း ပြောပါတယ်။
Source: Akone Thi
Go Goe
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။