မဂ်လာပါ ??? ကျွန်တော် ရှင်းတမ်းလေးလုပ်ပါရစေ ပထမတော့ သည်းခံပြီး ဘုရာေမှာသွားဆုတောင်းနေမိတယ် ဝဋ်ကြွေးရှိရင်ကျေပါစေလို့ ဒီနေ့တော့အပေါင်းအသင်းတွေက ရှင်းသင့်ပြီတဲ့အကြံပေးလာကြတယ် ဒါကြောင့်အရိုးသားဆုံး အမှန်အတိုင်းပြောပြပါမယ် မတ္တရာအလှူပွဲမှာ ဆိုခဲ့ပါတယ် ပထမ ဗိုလ်အောင်ဒင် သီချင်းဆိုပါတယ် ကျွန်တော်အမြဲတမ်း အသံစစ်တဲ့သီချင်းပါ စင်ပေါ်မှာအသံတအားခြောက်နေတယ် မော်နီတာ အသံများပြီး Reverb မပါဘူးဖြစ်နေတယ် ဒုတိယပုဒ်မဆိုခင် စက်ဆရာကိုအကူအညီတောင်းတယ် စက်ဆရာကြီး ကျွန်တော်အသံထိနေလို့ သိပ်မအော်နိုင်ပါဘူးဗျာ Delay နဲနဲလောက်ထည့်ပေးပါလို့ပြောလိုက်ပါတယ် သူထည့်ပေးပါတယ် ကျွန်တော်တို့စင်ပေါ်မှာက မော်န

တာပဲကြားရတာပါ ရှေ့ထွက်မကြားရပါဘူးခင်ဗျာ အဲမှာ စလွဲကြတာပါ ဒုတိယပုဒ် အချစ်စစ်ရဲ့တန်ဖိုး ထပ်ဆိုပါတယ် ကျွန်တော် တအားကြောက်လာတယ်အသံက ပိုကွဲလာတယ်ဘာလို့လဲဆိုတော့ အသံအိုးထိနေ၍ ဆရာဝန်က မဆိုခိုင်းပေမည့် အလှူပွဲဆိုတော့ ရက်ရွှေ့လို့မရပါဘူး အသံထွက်သလောက်လာဆိုရတာပါ ပရိသတ်ကိုကြိုတင်တောင်းပန်ခဲ့ပါတယ် ကူဆိုပါအုန်းလို့အဆင်ပြေပါတယ်သူတို့နားလည်ပေးတယ် ကကြတယ် ဒါပေမည့် ကျွန်တော် တတိယ ပုဒ်မဆိုရဲတော့ဘူး စက်ဆရာအနားသွားပါတယ် ကိုကြီးညီလေးကို ကူညီပါဗျာ ကျွန်တော်အသံထိနေလို့ပါလို့ပြောတော့ စက်ဆရာက ပြောပါတယ် မင်းလူကို အရှေ့ထွက်နားထောင်ခိုင်းလိုက်တဲ့ ထိထပ်တင်လို့မကောင်းဘူးတဲ့ သိပ်မှန်ပါတယ် ကျွန်တော် ပြောပါတယ် အကိုချိန်တာကောင်းပါတယ်ညီလေးအသံကသိပ်မညှစ်နိုင်တော့လို့ပါနော်လို့ဆိုပြီး

ပြောရင်း သူစိတ်မကြည်ရှာတော့တာနေမယ် ကျွန်တော်ကိုအဖတ်မလုပ်တော့ဘူး နားကြပ်ပြန်တပ်ပြီးစက်ပဲကိုင်နေတယ် ကျွန်တော်တစ်ယောက်ထဲ စင်ပေါ်ကနေ အော်ပြောနေရတယ် မိုက်နဲ့လဲမပြောရဲဘူးပရိသတ် ကြားရင်မကောင်းဘူးလေ ဒါနဲ့ ဆက်ဆိုပါတယ် ကြာဖြူဆိုပေးလိုက်တယ် အဆင်မပြေဘူးဗျာ ဘယ်နားကဆိုရမှန်းမသိ ငိုချင်စိတ်ပေါက်မိတယ် ရင်ထဲလည်းတအားခံစားရတယ် တတိယ ပုဒ်ပြီးတော့ကျွန်တော် မဆိုရဲတော့ဘူး ပွဲငှါးပေးတဲ့ Bass ကိုဇော်ထွန်း ကိုအကူအညီတောင်းတယ် အလှူဒကာ အလှူအမ ခေါ်ပေးပါဗျာ ကျွန်တော် ဆက်ဆိုဘို့ သိပ်ခက်သွားပြီလို့ပြောတော့ သူက မခင်ဘူးတဲ့ စက်ပိုင် ကိုကောကော ကိုခေါ်ပေးပါတယ် စက်ပိုင်ကဘာလိုလဲမေးတော့ အစ်ကို ညီလေးဆိုလို့အဆင်မပြေပါဘူး စင်ပေါ်မှာမော်နီတာတအားများနေတယ် Delay လည်းထည့်ပေးဖို့ပြောပေးပါဗျာဆို

တော့ ဟုပ်တယ်တဲ့ ညနေကတည်းက စင်ပေါ်မောနီတာ ပြင်းနေတာ သူသိတယ်လို့ ကိုကောကောကိုယ်တိုင်ပြောခဲ့ပါသေးတယ် အောက်ဆင်းပြီး စက်ဆရာနဲ့အတူကူညှိကြပါတယ် မော်နီတာ တိုးသွားတော့ ရှေ့ထွက်အသံနဲ့ထိန်းဆိုပါတယ် နောက်တစ်ပုဒ် အကြွေးသီချင်းဆိုတော့ ချိန်ရင်း အားလုံးရွာလည်ကုန်တယ်ဗျာ သူတို့ ကူညီတယ်လို့ကျွန်တော်ယုံတယ် တစ်ခုပဲ သတိလွတ်သွားတာပါ စင်ပေါ်က မော်နီတာကို သူတို့ Reverb မပေးထားဘူး ကျွန်တော်က အသံထွက်ပဲနားထောင်တက်တယ် Reverb ထည့်ဖို့မပြောတက်ဘူး စက်ဆရာက စင်ပေါ်တက်နားမထောင်ပေးဘူး အဲဒီမှာ စလွဲကြတာပါ နောက်ဆုံး ဗိုလ်အောင်ဒင်နဲ့ နှုတ်ဆက်ခဲ့တယ် အားလုံး (6)ပုဒ်ဆိုခဲ့တယ် မိုက်ကိုတော့ လွှန့်မပစ်ခဲ့ပါဘူး အရင်ပွဲတွေက ဆိုပြီးအဆင်ပြေစွာပြန်ရတော့သတိထားပြီး လူတစ်ဦးလက်ထဲထည့်ချင်

ထည့်မထည့်ဖြစ်ရင် မိုက်စတန်း ချိတ်ခဲ့တာပါ အဲဒီနေ့က ဆိုပြီ မိုက် မပိတ်လိုက်ရဘူး Drum စင်ပေါ်ဒီတိုင်းတင်လိုက်တာပါ အသံက မပိတ်ထားတော့ ထွက်သွားတာပါ နောက်ဆုံးတစ်ခုပြောခဲ့ပါသေးတယ် ပွဲငှါးပေးတဲ့ Bass ကိုဇော်ထွန်းကို အလှူဒကာ အလှူအမကိုပြောပေးပါ နောက်ရက် အိမ်ကိုလာပြီးဓါတ်ပုံရိုက်ပေးရမလား ဘာလုပ်ပေးရမလဲဆိုပြီးပြောခဲ့ပါတယ် အကြောင်းမပြန်ခဲ့လို့ ဒီအတိုင်းပဲနေခဲ့တာပါ ကျွန်တော်မှားသွားရင် ပရိသတ်ကြီးနှင့်စက်ဆရာ စက်ပိုင်အားလုံးကိုတောင်းပန်ပါတယ် ကျွန်တော်ကအငယ်ဆိုတော့ မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ တောင်းပန်ပါတယ် ရွှင်လန်းချမ်းမြေ့ပါစေ???

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။