Kygo နဲ့ Selena Gomez တို့ရဲ့အကောင်းဆုံးဖန်တီးမှု “It Ain`t Me’ သီချင်းထွက်ရှိပြီး Justin Bieber ကိုရည်ရွယ်ထားပြီးသီဆိုထားတာလား Selena ရယ်လို့ ပရိသတ်အများကတောင် ပြောနေကြပါတယ်။

Instagram ပေါ်မှာ ရက်သတ္တပတ်အတော်ကြာ ကျီစယ်ပြီးနောက် အများမျှော်လင့်နေတဲ့အတိုင်း Kygo နဲ့ Selena Gomez တို့ရဲ့ ပူးပေါင်းတင်ဆက်ထားတဲ့ သီချင်းထွက်ရှိလာပြီနော်။ပုံပြင်ဝတ္ထုလိုရေးစပ်သီကုံးထားတဲ့ဒီသီချင်းမှာတော့ Gomez က စွဲလမ်းရတဲ့ အချစ်ပုံပြင်လေးတစ်ပုဒ်ရဲ့ အဆုံးသတ်သွားပုံကို ဂီတာတီးခပ်မှုနဲ့သီဆိုထားတာဖြစ်ပြီး Kygo ကတော့ စန္ဒာယားလက်ကွက်နဲ့ ပေါင်းစပ်ဖန်တီးထားပါတယ်။

သီချင်းစာသားတွေကိုနားထောင်ကြည့်ရင် Gomez ဟာ သူမနဲ့ Justin Bieber တို့ကြားက အကြောင်းတွေကို ရည်ညွှန်းချင်ပုံရပါတယ်။Gomez ရဲ့အောင်မြင်မှုအရှိန်အဝါကြောင့်ပဲ ဒီသီချင်းဟာ Billboard ရဲ့ အကောင်းဆုံး ၁၀၀ စာရင်းမှာ ပါလာဦးမယ်ဆိုတာ က

ကျိန်းသေပါတယ်။ (၂၀၁၅ ခုနစ်က Kygo ရဲ့ “Friestone” သီချင်းဟာ နံပါတ်စဉ် ၉၂ ကို ရခဲ့ပါတယ်)

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။