လက်ထပ်တယ်ဆိုတာဟာ ယောက်ျားနဲ့မိန်းမနှစ်ယောက် မွှေ့ယာတစ်ခုတည်းပေါ် အိပ်တဲ့ကိစ္စတစ်ခုတည်း မဟုတ်ပါဘူး။ နှစ်ယောက်တစ်ဘဝလျှောက်လှမ်းကြဖို့ရယ်၊ မျိုးဆက်ပြန့်ပွားဖို့ရယ် လူသိရှင်ကြားချပြလိုက်တာပဲ မဟုတ်လား။ ဒါဆို လက်မထပ်ခင်အတူနေတာကရော။ ဒါဟာ ဓလေ့ထုံးတမ်းတွေအရ လက်ခံထားတဲ့ကိစ္စမဟုတ်ပေမယ့်လည်း အခုနောက်ပိုင်း နိုင်ငံအများက စုံတွဲတွေအားလုံးလိုလို ဘယ်သူတွေဘာပြောပြော ဒီလိုပဲနေကြတာပါပဲ။ အဲဒီတော့ လက်ထပ်တယ်ဆိုတဲ့ကိစ္စထက် လက်မထပ်ခင်အတူနေတာ ဘယ်လိုအကျိုးဆက်တွေရှိတယ်ဆိုတာ ကြည့်လိုက်ရအောင်နော်။

အခုခေတ်လူငယ်တော်တော်များများကတော့ ကိုယ့်ရဲ့ချစ်သူအကြောင်း ပိုပြီးနှံ့နှံ့စပ်စပ်သိနိုင်ဖို့အတွက် လက်မထပ်ခင်အတူတူနေကြပါတယ်။ အထူးသဖြင့် ခေတ်မီတဲ့လူငယ်တွေရယ် အနောက်တိုင်းဓလေ့လွှမ်းမိုးတဲ့ အရှေ့တိုင်းနိုင်ငံတွေမှာပါ ဒါမျိုးက ရိုးနေကြပြီနော်။ အနောက်တိုင်းမှာတော့ ဒါဟာ မထူးဆန်းတဲ့ကိစ္စဆိုပေမယ့် အရှေ့တိုင်းမှာတော့ လူကြီးတွေအတွက် နားဝင်ဆိုးနေသေးတဲ့ကိစ္စတစ်ခုပါ။ ကဲ အဲဒီတော့ လက်မထပ်ပဲအတူနေတာ ဘာကောင်းကျိုးတွေရှိလဲ အရင်ကြည့်ရအောင်။

လက်မထပ်ခင် အရင်အတူတူနေတော့မယ်ဆိုရင် ကိုယ့်ချစ်သူရဲ့အကျင့်စရိုက်ကို ရည်းစားဘဝထက် ပိုသိနိုင်မယ့်အတွက်ကြောင့် လက်ထပ်တဲ့အခါ ကိုယ်နဲ့သင့်တော်မှုရှိ၊ မရှိ ခန့်မှန်းနိုင်မှာပေါ့နော်။ တကယ်လို့မှ အဆင်မပြေတော့ဘူးဆိုရင်လည်း လက်တွဲဖြုတ်ဖို့ အာရုံမစားတော့ဘူးလေ။ တရားရုံးမှာ လက်မှတ်ထိုးကွာရှင်းစရာလည်း မလိုအပ်သလို တစ်ခုလပ်လို့ ခေါ်ခံစရာအကြောင်းလည်း မရှိဘူးပေါ့။ အတူတူနေချင်ရင် လက်ထပ်ပွဲကျင်းပရမယ်ဆိုတဲ့ အန်းတိတ်အယူအဆတွေကိုလည်း ဂရုစိုက်စရာမလိုတဲ့အတွက်ကြောင့် အကုန်အကျလည်း သက်သာသလို မိန်းကလေးအတွက်ရော၊ ယောက်ျားလေးအတွက်ရော ကို်ယ်ရှာတာ ကိုယ့်ဘာသာကိုယ် စိတ်ကြိုက်သုံး။ ဒါပဲ။အဲဒါကြောင့် တစ်ယောက်ဘဝကိုတစ်ယောက်ချုပ်ကိုင်မှုမရှိပဲ လွတ်လပ်မှုရှိတဲ့ Living Together ဘဝကို သဘောကျလေ့ရှိကြသလို တစ်ဖက်မှာလည်း လက်မထပ်ပဲအတူနေတာက ဘဝအတွက် ဘာတွေရော ဆိုးကျိုးဖြစ်လာနိုင်လဲ ကြည့်ကြမယ်။

ကိုယ်က အရမ်းချစ်နေပေမယ့်လည်း ကိုယ့်ချစ်သူက အချိန်မရွေး အကြောင်းပြချက်မရှိ လက်တွဲဖြုတ်သွားလို့ရနေပြီး ငွေရေးကြေးရေးအရပဲဖြစ်ဖြစ်၊ ဆက်ဆံရေးအရပဲဖြစ်ဖြစ် ဘဝအာမခံချက်တစ်စုံတစ်ရာ ရရှိမှာမဟုတ်ဘူးနော်။ ကလေးရလာမယ်ဆိုရင်လည်း မလိုလားအပ်တဲ့ လူမှုရေးပြဿနာတွေဖြစ်လာနိုင်တာကတော့ တော်တော်ဆိုးပါတယ်။ အကယ်၍ အပြီးတိုင် ခွာပြဲကြပြီဆိုရင်တောင် ဘယ်နှနှစ်ပဲ အတူတူနေခဲ့နေခဲ့ တရားဥပဒေအရ နစ်နာကြေးလိုမျိုး အာမခံချက်ဘာမှမရှိပါဘူးတဲ့။အနောက်တိုင်းနိုင်ငံတွေမှာ မိန်းမတစ်ယောက်အတွက် ငွေရေးကြေးရေးပြည့်စုံမှုနဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုအပေါ်မူတည်ပြီး အိမ်ထောင်ဖက်ကို ရွေးချယ်လက်ထပ်လေ့ရှိတယ်လို့ ဆိုထားပြီး အရှေ့တိုင်းနိုင်ငံတွေမှာကတော့ မိန်းမတစ်ယောက်အတွက် ယောက်ျားတစ်ယောက်ကို အထင်ကြီးလေးစားမှုဟာ လက်ထပ်ဖြစ်တဲ့အထိ တာသွားတယ်လို့ ပြောကြတယ်။

နောက်တစ်ခုကတော့ အနောက်တိုင်းနိုင်ငံက Living Together ပုံစံဟာ ချစ်တင်းနှောဖို့တစ်ခုတည်းမဟုတ်ပဲ တစ်အိမ်ထဲအတူတူနေပြီး အရာရာ မျှဝေသုံးစွဲကြတာဖြစ်တဲ့အတွက်ကြောင့် တစ်ယောက်စိ်တ်ဓာတ်ကို တစ်ယောက်အနီးကပ် အကဲခတ်ခွင့်ရတယ်လေ။ အဲဒီတော့ လက်မထပ်ပဲ အတူတူနေချင်တယ်ဆိုရင်တော့ မိန်းကလေးတွေ ဒီစာလေးကို အရင်ဖတ်ပါလို့။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။