တစ်ချို့မိန်းကလေးတွေက Gay တွေနဲ့ အရမ်းကို ရင်းရင်းနှီးနှီးနေတတ်ကြတယ်။ ပြင်ပသူစိမ်းတွေရဲ့ အမြင်မှာတော့ တစ်မျိုးဖြစ်ချင်ဖြစ်နေမှာပေါ့။ ဒါပေမယ့် Gay တွေက မိန်းကလေးတွေအတွက် ဘာလို့ BFF ဖြစ်နေရတယ်။ ဘာလို့ သွားအတူစားအတူဖြစ်နေရတယ်ဆိုတာတော့ ပြောမယုံကြုံဖူးမှသိမယ်နော်။

Gay တွေက မိ်န်းကလေးတွေကို အမြဲတမ်းထောက်ပံ့ပေးနေတတ်ကြပါတယ်။ “ကျွန်မ BFF က Gay တစ်ယောက်ပါ။ သူက ကျွန်မကို လူမှုဝန်းကျင်မှာ အတော်ဆုံး၊ အတတ်ဆုံးမိန်းမတစ်ဦး အရမ်းဖြစ်စေချင်တယ်။ သူကိုယ်တိုင်ကလည်း ကျွန်မကို ဘယ်လိုနေထိုင်ရမလဲဆိုတာ ထောက်ပံ့ပေးနေကြပါ” လို့ အမေရိကန်ကျောင်းသူတစ်ယောက်က ပြောပြပါတယ်။ Gay တွေက သူတို့ရဲ့ စိတ်ခံစားချက်ကို ဖုံးကွယ်မထားတတ်ပါဘူး။ မိန်းကလေးBFFတွေ ဒါမှမဟုတ် မင်းရဲ့ဘေးက အီစကလီကောင်လေးတွေထက်တောင် ပွင့်လင်းပြီးအကောင်းမြင်စိတ်ပိုရှိပါတယ်။

Crush နဲ့ ပတ်သက်ပြီး အကောင်းဆုံးတိုးတိုးဖော်က ဘယ်သူဖြစ်မလဲ။ မိန်းကလေးသူငယ်ချင်းတစ်ယောက်ကို မင်း Crush အကြောင်းတိုင်ပင်ရင် “အင်း။ ဟုတ်လား။ ဟုတ်မှာပေါ့” ဒီလောက်ပဲ ပြန်ပြောချင်ပြောပါလိမ့်မယ်။ ဒါပေမယ့် မင်းရဲ့ Gay BFF တစ်ယောက်ကတော့ မင်းလိုချင်တဲ့အဖြေတွေကို အမှန်ကန်ဆုံးပေးနိုင်မှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ သူတို့ဟာ ယောက်ျားလေးအထာရော၊ မိန်းကလေးအထာရော ကျမ်းကျေပြီးသားသူတွေ ဖြစ်နေတာ မင်းငြင်းလို့မရဘူးလေ။ 

နောက်တစ်ချက်ကတော့ မိန်းကလေးတွေအကြိုက်ဆုံးအချက်ပါပဲ။ ဒါကတော့ Gay BFF တွေဟာ မင်းတို့အတွက် Shopping ထွက်ဖော်ထွက်ဖက်တွေပါပဲ။ မင်းချစ်သူက မင်း Shopping ထွက်တဲ့အခါ လိုက်ဖို့ငြင်းဆန်နေလား။ ဒါမှမဟုတ် မင်းရဲ့မိန်းကလေးသူငယ်ချင်းတွေကရော မလိုက်ချင်ဘူးတဲ့လား။ စိတ်ပူဖို့မလိုတော့ပါဘူး။ သူတို့က မင်းတို့နဲ့ အတူတူ တက်တက်ကြွကြွ Shopping ထွက်ပေးမှာဖြစ်ပါတယ်။ မိန်းကလေးအမြင်ရော၊ ယောက်ျားလေးအမြင်ပါရှိတဲ့အတွက်ကြောင့် မင်းနဲ့လိုက်ဖက််၏ မလိုက်ဖက်၏ အကြံပေးမယ့်အပြင် မင်းအဝတ်လဲခန်းဝင်နေရင်လည်း မင်းစလင်းဘတ်အိတ်လေးကို လွယ်ပေးထားဦးမှာနော်။

ဒါမှမဟုတ် မင်းက Single လား။ ဒါဆိုရင်တော့ Gay BFF ခပ်များများသာ ထားပါတော့။ မင်းညနေဘက် အပြင်သွားမယ်ဆိုရင် မင်းအတွက် ချောမောပြီး အထာကျတဲ့ Gay သူငယ်ချင်းတွေရှိနေပြီပဲ။ Club ထဲမှာ အပြတ်ကဲတော့မယ်ဆိုရင်လည်း ယောက်ျားလေးလိုတစ်မျိုး၊ မိန်းကလေးလိုတစ်ဖုံ စောင့်ရှောက်ပေးနိုင်တဲ့ BFF ပါ။ ကဲ ဘယ်လောက်မိုက်လိုက်သလဲနော်။

ကမ္ဘာကျော် Celebrity Emma Stone ကတော့ “ ကျွန်မဘဝကို မျိုးစုံနေထိုင်ဖူးတယ်။ မိသားစုကလည်း အဲဒီလိုနေနိုင်အောင် လွတ်လပ်မှုအပြည့်အဝပေးထားတယ်။ ကျွန်မက သိပ်မိုက်တဲ့ Gay သူငယ်ချင်းတွေ အများကြီးထားတယ်။ ကျွန်မအပေါ်အကောင်းဆုံးသူငယ်ချင်းကတော့ Max ပါပဲ။ ကျွန်မတို့ အသက် ၁၁နှစ်ကတည်းက တပူးပူးတတွဲတွဲနေလာခဲ့ကြတယ်” လို့ ပြောပါတယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။