ဆံပင်ပုံစံပြောင်းဖို့စဉ်းစားနေတယ်ဆိုရင်တော့ ဒီနှစ်ထဲမှာခေတ်စားနိုင်မယ့်ပုံံစံတွေကိုတစ်ချက်လောက်ကြည့်လိုက်ပါဦး။ပြီးမှသင်နဲ့လိုက်ဖက်ပြီးကိုယ်တိုင်လည်းနှစ်သက်တဲ့ပုံစံကိုရွေးချယ်လိုက်ပါ။

Meduim Hair

၂၀၁ရမှာ ခေတ်အစားနိုင်ဆုံးပုံစံကတော့ အရမ်းလည်းမတို အရမ်းလည်းမရှည်တဲ့ Meduim Hairအရမ်းမကြီးတဲ့အကောက်အခွေလေးတွေကို ခပ်ပွပွပုံစံထားတာမျိုးတွေကို တွေ့ရမှာပါ။

တစ်ခေတ်ဆန်း BOB

ရှေ့ကို ခပ်စိုက်စိုက် BOB ပုံစံတွေက နည်းနည်းတော့ရိုးနေပါပြီနော်။ BOB ပုံစံကို အရင်ကပုံစံမျိုး ခပ်ဖောင်းဖောင်းအောက်စိုက်စိုက်လေးမဟုတ်တော့ဘဲ တစ်ညီတည်းပုံစံတွေလည်း ညှပ်နိုင်ပါတယ်။ GiGi Hadid လို နောက်ဘက်ကို လှန်ဖြီးပြီးတော့ စတ်ိုင်လ်ထုတ်လည်းလှပနေစေမှာအသေအချာပါပဲ။

Fringeတစ်ဝက်စည်းအလှ

နဖူးကျယ်တဲ့သူတွေကတော့ Rင့ညေညလေို ရှေ့အတိလေးညှပ်ပြီးနောက်ဘက်ကို လှိုင်းတွန့်အပြေလေးတွေကောက်လို့ရပါတယ်။ နောက်ဘက်ကိုတစ်ဝက် စုစည်းပြီး ရှေ့ဘက်ကိုဆံပင်အတိလေးချထားရင် အရမ်းချစ်စရာကောင်းနေမှာပါ။

Ombre Wave

ဆံပင်နှစ်ရောင်စပ်လေးတွေက မိန်းကလေးတွေအရမ်းသဘောကျတဲ့ပုံစံဆို မမှားပါဘူး မြင်တွေ့နေကျ အရောင်တောက်တောက်တွေမဟုတ်ဘဲ မီးခိုးရောင်၊အဖြူရောင်၊အဝါရောင်လေးတွေကို အဖျားနားမှာစပ်ဆိုးထားတဲ့ပုံစံဟာ လူကြိုက်များလာဦးမှာပါ။ခပ်ပြေပြေလှိုင်းတွန့်တွေ ခေတ်စားမယ့်နှစ်ဆိုတော့ နည်းနည်းလှိုင်းလေးတွေထည့်ရင် ပိုမိုက်သွားမှာပေါ့။

Middle Line and Superstraight

နောက်ထပ်ဆံပင်ပုံစံတစ်ခုအနေနဲ့ကိုယ်နဂိုခွဲနေကြ ဆံပင်ခွဲကြောင်းကို မခွဲတော့ဘဲ အလယ်ခွဲပုံစံကို စမ်းကြည့်သင့်ပါတယ်။အလယ်ခွဲဆံပင်ပုံစံဟာ မျက်နှာပုံစံတိုင်းနဲ့လိုက်ဖက်ပြီး မျက်နှာကြီးတဲ့သူတွေကိုလည်း သွယ်သွားစေပါတယ်။ဒါ့အပြင် ဆံသားကလုံးဝဖြောင့်စင်းနေရင်ပိုမိုက်ပါတယ်။ဆံပင်လေးကလည်းရှည်ရှည် အလယ်ခွဲဖြောင့်ဖြောင့်စင်းစင်းလေးနဲ့ဆို သိပ်လှနေမှာ အမှန်ပါပဲ။

Beside Part

ကျွန်မတို့ နဂိုတည်းက ဘေးဘက်ကို ဆံပင်ခွဲကြောင်းခွဲလေ့လည်းရှိကြပါတယ်။ဒါပေမယ့် အခုကတော့ဘေးဘက်ဆိုလည်း လုံးဝဘေးဘက်တစ်ခြမ်းကို အပြည့်ယူထားတဲ့ပုံစံဟာ ခေတ်စားလာဦးမှာပါ။ကိုယ်ရဲ့နဂိုပုံကနေ ကွဲထွက်သွားပြီးအသစ်အဆန်းလေးဖြစ်သွားမှာပါ။

Cool Curls

ဆံပင်လှိုင်းတွေကိုပဲ ဟိုး အရင်အရင်နှစ်တွေက ခေတ်စားခဲ့သလို အကောက်ထူထူပွပွတွေကလည်း ခေတ်စားလာဦးမှာပါ။ဆယ်လီတွေကြားထဲရေပန်းစားနိုင်သလို သူများထက်ပိုဆန်းချင်တဲ့သူတွေ စမ်းကြည့်သင့်ပါတယ်။

Short Waves

ကိုယ်က ဆံပင်တိုညှပ်ချင်လို့ ညှပ်ပစ်လိုက်ပြီးမှ မကြိုက်တော့ဘူးဆိုရင် စိတ်ညစ်စရာမလိုပါဘူး။အဖျားလေးဖြစ်ဖြစ် ဆံပင်အရင်းနားကဖြစ်ဖြစ် လှိုင်းပြေလေးတွေ ကောက်လိုက်ပါ။တစ်မျိုးဆန်းသွားမှာအသေအချာပါပဲ။မျက်နှာသေးသေးလေးတွေနဲ့ဆိုပိုလိုက်မယ့်ပုံစံပေါ့။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။