အင်တာနက် စွဲနေသော ၁၆နှစ်သမီးက အမေကို ပြန်သတ်

သူမအမေမှ အင်တာနက်စွဲလမ်းမှုကို ဖြတ်ပေးသော စင်တာသို့ ပို့သောကြောင့် တရုတ်မှ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်သည် အမေကို သေသည့်အထိ အစာငတ်ရေငတ်ထားခဲ့သည်။

သူသည်ကုသရေးစင်တာမှာ အရိုက်နှက် အနှိပ်စက်ခံခဲ့ရပြီး လေးလအကြာမှ ပြန်လွတ်ခဲ့သည်။ မိဘများက ကျောင်းမှ ထွက်ရသည့်အထိ အင်တာနက် အလွန်အကျွံသုံးသောကြောင့် ကုသရေးစင်တာသို့ ပို့ခဲ့ခြင်းဖြစ်သည်။ သူကလည်း လွတ်လွတ်ချင်းမှာပင် အမေကို လက်စားပြန်ချေခဲ့သည်။

သတင်းအရ သူမအမေကို ကုလားထိုင်တွင် တစ်ပတ်ကြာအောင် အစာငတ်အရေငတ်ထားကာ ချုပ်နှောင်ခဲ့သောကြောင့် သေဆုံးသွားရခြင်းဖြစ်သည်။

သူမက ဓာတ်ပုံနှင့် ဗီဒီယိုပင် ရိုက်ကူးထားပြီး အဒေါ်ထံမှဒေါ်လာသောင်းချီ ပို့ပေးရန်တောင်းဆိုခဲ့သည်။ သူမအဒေါ်မှ တောင်းဆိုသောငွေ ပို့ပေးသော်လည်း အမေမှာ သေဆုံးနေပြီဖြစ်သည်။

ဆယ်ကျော်သက် ၇၀၀၀ ကျော်မှာ အင်တာနက် စွဲလမ်းမှုရောဂါ ခံစားနေရသည်ဟု တာဝန်ရှိသူမှ ပြောကြားခဲ့သည်။ တရုတ်မှ ကုသရေးစင်တာများမှလည်း စစ်တပ်စည်းကမ်းနှင့် ဆယ်ကျော်သက်များကို အလွန်အမင်းတင်းကျပ်မှုကြောင့် ဝေဖန်ခံနေရသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။