အလုပ်ကနေအိမ်အပြန် မူးယစ်ဆေးသမားများမှ ရိုက်လုသောကြောင့် လူငယ်တစ်ဦးသေဆုံး

မနေ့ည ရှစ်နာရီလောက်မှာ သူတစ်ယောက်သွေးအိုင်ထဲလဲနေပြီ။

သူအရမ်းဖြစ်ချင်တဲ့ သူငယ်ချင်းတွေစုပြီး တစ်လတစ်ခါလုပ်မယ့် ပရဟိတအသင်းလေးရယ်…

သူအရိုက်ခံရတော့မယ့်အချိန်မှာ phလှမ်းဆက်ပြီး

'အမ သားကိုရိုက်နေပြီ'လို့လှမ်းအကူတောင်းခဲ့တဲ့ သူ့အမရယ်…

ဆယ်တန်းထိကျောင်းဆက်မတက်ဘဲ အပြင်ထွက်အလုပ်လုပ် ပိုက်ဆံကြိုးစားစုပြီး သူအိမ်ဆောက်ပေးခဲ့တဲ့ သူ့မိဘတွေရယ်…

ပရဟိတအလှူငွေတွေ စနစ်တကျသိမ်းဖို့

အင်္ဂါနေ့ကို ဘဏ်သွားရအောင်လို့ သူလှမ်းချိန်းထားတဲ့ ကျွန်မရယ်…

တနင်္ဂနွေနေ့တိုင်းတော့ တစ်ပတ်တစ်ခါ အစည်းဝေးလုပ်ရအောင်ပါလို့ သူအမြဲပြောပြောနေတတ်တဲ့ ကျွန်မတို့သူငယ်ချင်းတွေရယ်ကိို …

သူ့ခေါင်းထဲမှာ မတွေးနိုင်တော့။

သူ့ခေါင်းတွေကြေမတတ် အရိုက်ခံထားရတယ်လေ။

အလုပ်ကနေ သူ့အိမ်ရှိတဲ့ ပုလိပ်မြို့ကိုအပြန်မှာ လူလေးယောက် ဆိုင်ကယ်နှစ်စီးနဲ့ လိုက်လာတယ်ဆိုပြီး အိမ်ကို အသိပေးတယ်။သူငယ်ချင်းတွေဆီ phပတ်ဆက်တယ်။အိမ်က လာကြိုပေမယ့် သူတစ်ယောက် မူးယစ်သားကောင် အဖြစ်ခံလိုက်ရပြီ။

မူးယစ်ဆေးသုံးမှ မူးယစ်ရဲ့သားကောင်ဖြစ်တာမဟုတ်ဘူး။

မူးယစ်ဆေး မသုံးသူတွေလည်း ဆေးစွဲပြီးအဖွဲ့လိုက်ငွေလုကြတဲ့ မူးယစ်ဆေးစွဲသူတွေရဲ့ သားကောင်ဖြစ်ခံရတတ်တယ်။

သူ့phရယ် …

ဆိုင်ကယ်ရယ်…

ပိုက်ဆံရယ်…

ယူသွားရင် တော်ရောပေါ့။

ခုတော့ သူ့အသက်ပါ ယူသွားကြတယ်။

တကယ့်ကို မလုံခြုံတော့တဲ့ ပတ်ဝန်းကျင်မှာ နေရသလိုကြီး ခံစားမိတယ်။အရင်က မူးယစ်ဆေးကြောင့် လုမှု…

ဓါးထိုးမှု…ရိုက်မှုတွေကို သတင်းတွေမှာပဲ ဖတ်ခဲ့ဖူးတာ…

အခုတော့ သူငယ်ချင်းရဲ့ မျက်နှာမှာ ပြန်ဖတ်လိုက်ရတယ်…

တော်သင့်ပါပြီကွယ်~~

# Stop drug

# Save lives ဟု facebook သုံးစွဲသူတစ်ဦးမှ တင်ထားခဲ့သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။