မန်​ချက်​စတာယူနိုက်​တက်​အသင်​းရဲ့မ​န်​​နေဂျာဟို​ဆေး​မော်​ရင်​ညိုဟာမ​နေ့ညကရာထူးမှထုတ်​ပယ်​ခြင်​းခံခဲ့ရတဲ့လက်​စတာစီးတီးနည်​းပြက​လော်​ဒီယိုရာ​နေရီကို​ထောက်​ခံအား​ပေးသွားခဲ့ပါတယ်​။

ပြီးခဲ့တဲ့​ဘောလုံးရာသီကဖ​ရော်​ဖက်​ရှင်​နယ်​​ဘောလုံး​လောကကိုအံ့သြတုန်​လှုပ်​​စေခဲ့ကာပရီးမီးယားလိဂ်​ဖလားကိုအံ့ဖွယ်​ဆွတ်​ခူးနိုင်​ခဲ့တဲ့နည်​းပြက​လော်​ဒီယိုရာ​နေရီရဲ့လက်​စတာစီးတီးဟာဒီရာသီမှာ​တော့တန်​းဆင်​းဇုန်​အန္တရာယ်​နဲ့ရင်​ဆိုင်​​နေရတာ​ကြောင်​့ဆီ​ဗီလာကို၂ဂိုး၁ဂိုးရှုံးနိမ်​့ခဲ့တဲ့ချန်​ပီယံလိဂ်​ပွဲစဉ်​ပြီး​နောက်​ရာထူးမှထုတ်​ပယ်​ဖို့ဆုံးဖြတ်​ခဲ့တာဖြစ်​ပါတယ်​။

၂၀၀၄ခုနှစ်​တုန်​းကနည်​းပြရာ​နေရီရဲ့ချဲလ်​ဆီးနည်​းပြရာထူးကိုဆက်​ခံခဲ့တဲ့​မော်​ရင်​ညိုကက​လော်​ဒီယိုရာ​နေရီရဲ့စွမ်​း​ဆောင်​ခဲ့မှု​တွေအတွက်​ချီးကျူးဂုဏ်​ပြုခဲ့ပါတယ်​။

​မော်​ရင်​ညိုက "အင်္ဂလန်​ရဲ့ခ​ျန်​ပီယံနဲ့တစ်​နှစ်​တာအ​ကောင်​းဆုံးနည်​းပြကြီးရာထူးမှထုတ်​ပယ်​ခံခဲ့ရပါပြီ။

ဒါဟာ​မော်​ဒန်​​ဘောလုံး​လောကပါပဲက​လော်​ဒီယို။ ခင်​​ဗျားပြုလုပ်​ခဲ့တဲ့သမိုင်​းမှတ်​တမ်​းကိုဘယ်​သူမှဖျက်​ဆီးလို့မရပါဘူး။ ဆက်​လက်​ပြံုးထားပါ AMICO" လူမှုကွန်ယက်မှတဆင့်အား​ပေးသွားခဲ့ပါတယ်​။

နည်​းပြရာ​နေရီထွက်​ခွာသွားချိန်​မှာလက်​စ​တာစီးတီးအသင်​းဟာတန်​း​ဆင်​းဇုန်​နဲ့တစ်​မှတ်​သာကွာဟတဲ့ပရီးမီးယားလိဂ်​ရဲ့အဆင်​့၁၇​နေရာမှာရပ်​တည်​​နေပြီးလာမည်​့တနလာင်္​နေ့မှာ​တော့လီ​ဗာပူးအသင်​းကိုအိမ်​ကွင်​းမှာလက်​ခံယှဉ်​ပြိုင်​ကစားရမှာဖြစ်​ပါတယ်​။

Ref: Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။