အဆိုပါဖြစ်ရပ်ဟာ ဖေဖော်ဝါရီ ၁၈ရက်နေ့က တရုတ်နိုင်ငံ Wuhan, Hubei ပြည်နယ်မှာဖြစ်ခဲ့တာဖြစ်ပြီး သတ်ခဲ့တဲ့သူကတော့ အသက် ၂၂အရွယ်ရှိအမျိုးသားတစ်ဦးပဲဖြစ်ပါတယ်။

ဖြစ်ပုံမှာ အဆိုပါအမျိုးသားဟာ ခေါက်ဆွဲသုံးပွဲကိုမှာယူစားသောက်ပြီးနောက် ငွေရှင်းတဲ့အခါမှာ ခေါက်ဆွဲပြုတ်ဖိုးကို တရုတ်ငွေပမာဏ ယွမ်တစ်ယွမ်စီ စျေးတင်ပြီးတောင်းတယ်လို့ အသက်၄၂နှစ်အရွယ်ရှိ စားသောက်ဆိုင်ပိုင်ရှင်ကို အော်ဟစ်ပြောဆိုခဲ့ပါတယ်။

အဆိုပါ ပိုက်ဆံကိစ္စကနေစပြီး အငြင်းပွားခဲ့ရာမှ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သူကနေ ပိုက်ဆံမတတ်နိုင်ရင် လာမဝယ်စားနဲ့လို့ ပြောကြားခဲ့ရာမှာ အဆိုပါအမျိုးသားဟာ ဒေါသအထွတ်အထိပ်ရောက်ပြီး မီးဖိုချောင်သုံးတဲ့ဓားနဲ့ ခေါင်းဖြတ်သတ်ခဲ့တာလို့ဆိုပါတယ်။

အဆိုပါအမျိုးသားဟာ ပိုင်ရှင်ဖြစ်သူကို လည်ပင်းကနေ ခေါင်းမပြတ်မချင်း ဆက်တိုက်ခုတ်တဲ့တာဖြစ်ပြီး ခေါင်းပြတ်သွားတဲ့အခါ ခေါင်းကို ဘေးကအမှိုက်ပုံးထဲကို စွန့်ပစ်ခဲ့ပါတယ်။ ရဲတွေရောက်ရှိလာပြီးနောက် အဆိုပါတရုတ်အမျိုးသားကို ဖမ်းဆီးခဲ့ပြီး စိတ်ရောဂါဝေဒနာခံစားနေရတဲ့သူဟုတ်မဟုတ်ကို လက်ရှိမှာ စုံစမ်းစစ်ဆေးနေဆဲလို့ဆိုပါတယ်။

Source : worldofbuzz

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။