ရင်သွေးလေးရှိနေပြီဖြစ်တဲဲ့ မိုးယုစံက မိခင်လောင်းဘဝအတွက် သူမရဲ ့ပြင်ဆင်ထားမှုတွေကို အခုလိုပဲပြောပြသွားခဲ့ပါတယ် “လောလောဆယ်မှာတော့

ကိုယ်ဝန်ကနေရထိုင်ရတာသိပ်အဆင်မပြေဘူး။ စားတာသောက်တာက အစသိပ်ပြီးတော့ စားလို့မကောင်းဘူး။ မိခင်တစ်ယောက်ရဲ့တာဝန်ကအရမ်းကြီးပါ

တယ်။ အခုလို ကလေးနုနေသေးတဲ့အချိန်မှာ ပိုဆိုးတာပေါ့။ ကလေးစယူပြီဆိုတဲ့ အချိန်ကနေစပြီး ဒီကလေးကြီးတဲ့အထိ၊ အခုဆိုရင်လည်း ဘာတွေက စား

သင့်တယ်၊ မစားသင့်ဘူး။ ကိုယ်ဝန်ကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ အခုချိန်ကတည်းက တွေးနေရတယ်။ မိခင်တစ်ယောက်ရဲ့ဘဝကို ပြောင်းလဲသွားတဲ့

အချိန်မှာ ဘယ်လိုမျိုး ထူးထူးခြားခြား ခံစားရလဲဆိုရင်တော့ ကလေးတစ်ယောက်ကို ဘယ်လိုထိန်းရမလဲဆိုတာကို စိတ်ပူမိပါ တယ်”လို့ ပြောပြသွားခဲ့ပါတယ်။

ဆက်လက်ပြီး “မိုးယုကတော့ ယောကျ်ားလေးတစ်ယောက်၊ မိန်းကလေး တစ်ယောက်လိုချင်ပါတယ်။ အမှန်ဆိုရင်တော့ မိုးယုအရွယ်က(၂၅)နှစ်ဆိုတော့ မိခင်တစ်ယောက်အတွက် ငယ်လည်းမငယ်၊ ကြီးလည်းမကြီးတဲ့အရွယ်ပါ။ အသက်အရွယ်အပိုင်းအခြားအရ အိမ်ထောင်ပြု၊ ကလေးယူတဲ့ အချိန်က အနေတော်ပါပဲ။ အနုပညာသမားတစ်ယောက် အနေနဲ့သာ အိမ်ထောင်ပြုတာစောတယ်၊ ကလေးယူတာစောတယ်လို့ ထင်ရပေမယ့် အပြင်လူတစ်ယောက်အနေနဲ့ (၂၅)နှစ်ဆိုတာ အိမ်ထောင်ပြုပြီး ကလေးယူသင့်တဲ့အရွယ်ဖြစ်နေပါပြီ။ အခုအချိန်က မိုးယုအတွက် ပျော်စရာကောင်းတဲ့ မိသားစုဘဝကို ဖန်တီးဖို့အကောင်းဆုံးအချိန်လို့ ထင်ပါတယ်”လို ့မိုးယုကပြောပြသွားခဲ့ပါတယ်။

Source-Sunday

Hnin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။