အဲဒီကောင်

မာန်အောင်ကျွန်းသား ရခိုင်လေးက

ငါးမှုန့်လေးတွေ ကြော်တယ်

ဘူးသီးလေးတွေလှီးပြီး ကြော်တယ်

ကုလားပဲတွေထောင်းပြီး

ဗယာကြော် ကြော်ရောင်းတယ်

သားငယ်ရဲ့အကြော်ဆိုင်လေးက

ခုဆို နိုင်ငံကျော်တော့မှာပေါ့။

သားငယ်ရေ . .

မတတ်ရင် သင်ပေးလို့ရတယ်

မလှရင်ပြင်ပေးလို့မရဘူးဆိုတဲ့ လူတွေကြားထဲ

မလှပေမယ့် ရိုးသားဟန်အပြည့်နဲ့

ဖိုးပါကြီးအသေးစားလေးကို

အစ်ကိုတော့ နှစ်ခြိုက်မိပါရဲ့။

"Runner Band နဲ့သီချင်းလုပ်ကိုလုပ်နိုင်ရမယ်

ကိုယ်ရူးသွပ်ရာ ကိုယ်လုပ်ခွင့်ရှိတယ်" တဲ့

ဒီစကားမင်းပြောတုန်းက

မင်းကိုဘယ်သူမှ မသိသေးတဲ့

၂၀၁၆ မိုးရက်များတုန်းက။

"ဝေလနဲ့တွဲဆိုချင်တယ် ကျားပေါက်နဲ့တွဲဆိုချင်တယ်

ဘယ်လိုဉာဏ်နီဉာဏ်နက်သုံးရမလဲ" လို့

fbမှာမင်းရေးတော့ဟာသအလုပ်ခံရတာ

၂၀၁၆ မိုးရက်များတုန်းက။

ဟုတ်တယ်

၂၀၁၆ မိုးရက်တွေတုန်းက

မင်းက ဘယ်သူမှမသိတဲ့

အကြော်တဲလေးထဲက ဟိုအော်ဒီအော်လူငယ်တစ်ယောက်

ချို့ချို့တဲ့တဲ့လည်း ဖြစ်ချင်ဖြစ်မှာပေါ့

၂၀၁၇ မှာတော့

မင်းခိုက်တဲ့ Bandက

မင်းနဲ့သီချင်းလုပ်ဖို့ စောင့်ရတော့မှာပေါ့

ဒီနှစ်သင်္ကြန်မှာ သို့မဟုတ် နောက်နှစ်တွေမှာ

ကျားပေါက်တို့ ဝေလတို့နဲ့ တစ်စင်တည်းဆိုရတော့မှာပေါ့

သူတို့လို လက်ခုပ်သံတွေရတော့မှာပေါ့

ဂုဏ်ယူပါတယ် သားငယ်

ယုံလည်း ယုံကြည်မိတယ်။

လူငယ်တစ်ယောက်ဟာ

ငွေမရှိဘူး ရုပ်မချောဘူး

ဒါပေမဲ့ နိုင်ငံကျော်နိုင်တယ်

ယုံကြည်ရာလျှောက်နိုင်တယ်

လူတိုင်းရဲ့မေတ္တာရနိုင်တယ်

နေတိုးကမင်းကိုကြိုက်တယ်

တင်ဇာမော်က ချစ်လိုက်တာဟယ်တဲ့

ထွန်းအိန္ဒြာဗိုလ်က ၃၀voteပြီးနေပြီတဲ့

ဖွေးဖွေးက No2ပဲဟေ့တဲ့

ဂွမ်းပုံကလည်း သားငယ်ပဲတဲ့

အစ်ကိုကတော့

လေယာဉ်တင်သင်္ဘောကြီးကို ကြွေပါတယ်။

ညီလေးရေ . .

သချႋုင်းစောင့်ဘဝကနေ

ကမ္ဘာကျော်ခဲ့သူ ရော့စတီးဝပ်ကိုသွားသတိရတယ်

သီချင်းဆိုကောင်းသူတွေတော့

နေရာအနှံ့အပြားမှာ ရှိကြမှာပေါ့

ပိုက်ဆံရှိသားသမီးဆိုရင်တော့

သီချင်ခွေထုတ်လို့ ရတာပေါ့ကွာ

သားငယ်ရေ . .

မင်းကိုအကြိုက်ဆုံးကတော့

မီးတောက်ပေါ်က ဒယ်အိုးမည်းမည်းကြီးဘေးမှာ

အကြော်ကြော်နေတဲ့ လူငယ်တစ်ယောက်ကနေ

ရော့ခ်စတားတစ်ယောက်ဖြစ်လာတာကိုပဲ

မင်းဟာ မအောင်မြင်သေးတဲ့လူငယ်တွေရဲ့

Real idol ပဲ

ဘဝတိုက်ပွဲဆင်နွဲနေဆဲ လူငယ်တွေရဲ့ဟီးရိုးပဲ။

ညီလေးရေ . .

ပန်းတိုင်ကအရေးကြီးသလို

ခရီးကလည်း အရေးကြီးတယ်**

ပန်းတိုင်ကိုမြင်နေရပြီမို့

မင်းခရီးကို အမှားကင်းကင်းလျှောက်နိုင်ပါစေကြောင်း

ဒီကဗျာနဲ့ ဆုတောင်းပေးလိုက်တယ်ကွာ။

စုမောင်မောင်

၂၄ ၂ ၁၇ မနက် ၁နာရီ

** တရုပ်စကားပုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။