"မျက်ရည်ကျပြရင် ကျွန်တော်တို့ဆီမှာ အကယ်ဒမီရတယ်" ဆိုတဲ့ ဟာသသရုပ်ဆောင် ကျော်ထူး

မြန်မာ့အနုပညာလောကရဲ့ ဟာသအနုပညာရှင်တွေထဲကမှ ပရိသတ်ကို ဝါးခနဲ ရယ်အောင် ပြုလုပ်နိုင်ခဲ့သူကတော့ သရုပ်ဆောင် ကျော်ထူးပဲဖြစ်ပါတယ်။ ကျော်ထူးဟာ ဝါရင့် ဇာတ်ပို့ဇာတ်ရံတစ်ဦးဖြစ်ပြီး ဟာသဇာတ်ရုပ်တွေမှာ ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်မှုတွေကြောင့် ပရိသတ်မေတ္တာကို ရရှိထားတဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။ မြန်မာ့အနုပညာလောကရဲ့ သရုပ်ဆောင်တိုင်း မက်မောတဲ့ အကယ်ဒမီနဲ့ ပတ်သတ်ပြီး ကိုကျော်ထူးကို မေးမြန်းကြည့်တဲ့ အခါမှာတော့………

ဒီနှစ်အကယ်ဒမီအတွက် ဘယ်သူတွေရနိုင်မလည်းဆိုတဲ့ မေးခွန်းအတွက် ကိုကျော်ထူးက ယခုလိုပဲဖြေဆိုပေးခဲ့ပါတယ်။

" အဲ့တာကတော့ နှစ်တိုင်း ကျွန်တော်ဖြေနေကျတိုင်း ပြောရမှာပေါ့။ ဘာလို့လဲဆိုတော့ ကို မရတာတော့ ကျိန်းသေတယ်။ ကျွန်တော်တို့ ဇာတ်ပို့ဇာတ်ရံတွေ လုပ်ပိုင်ခွင့်နည်းတော့ မျှော်လင့်ချက်နည်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အကယ်ဒမီပေးပွဲက သိပ်တော့ရင်ခုန်စရာ မရှိပါဘူး။ ဘာလို့လည်းဆိုတော့ အလှည့်ကျလိုဖြစ်နေတယ်။ အကယ်ဒမီနဲ့ပတ်သတ်ပြီးတော့ ဘယ်သူဘယ်ဝါဆိုပြီး ခန့်မှန်းထားတာမျိုးတော့ မရှိသေးပါဘူး" ဆိုပြီး ဖြေဆိုခဲ့ပါတယ်။

တဆက်တည်းမှာပဲ မြန်မာ့အနုပညာလောကရဲ့ ဇာတ်ပို့ဇာတ်ရံတွေအပေါ် အကယ်ဒမီပေးခြင်း နည်းပါးမှုအပေါ် …………

"ဇာတ်ပို့ဇာတ်ရံအနေနဲ့ ရခဲ့တာနည်းပါတယ်။ ရတာတွေကြတော့ည်း အငိုတွေနဲ့ပဲရတာလေ။ အရမ်းရယ်ရလို့ ပရိသတ်အရမ်းအူတက်အောင် ရယ်ရလို့ အကယ်ဒမီပေးတယ်ဆိုတာမျိုး ကျွန်တော်တို့နိုင်ငံမှာ မရှိသေးဘူး။ ငိုရင်တော့ ရတယ်။ မျက်ရည်ကျရင် ကျွန်တော်တို့ဆီမှာ အကယ်ဒမီရတယ်" ဆိုပြီး ဖြေကြားoပေးခဲ့ပါတယ် ပရိသတ်ကြီးရေ…………

Source: Myanmar Celebrity

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။