ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဆင်းကတ်အသုံးပြုသူများအား မတ်လ ၃၁ရက်နေ့မတိုင်မီနောက်ဆုံးထားပြီးဆင်းကတ်မှတ်ပုံတင်ရန်ကြေညာချက်ထုတ်ပြန်ထားသည့်အတွက် အူရီဒူးဆင်းကတ်အသုံးပြုသူများကို မိမိကိုယ်တိုင် အလွယ်တကူဆင်းကတ်မှတ်ပုံတင်နိုင်မည့်နည်းလမ်းများကို တင်ပြလိုက်ပါတယ်။ 

အူရီဒူးဆင်းကတ်မှတ်ပုံတင်နိုင်မည့် နည်းလမ်းများမှာ..

- *666# သို့ဖုန်းခေါ်ဆိုခြင်း

- www.ooredoo.com.mm ဝက်ဘ်ဆိုဒ်မှတစ်ဆင့် မှတ်ပုံတင်ခြင်း

- my Ooredoo App မှတစ်ဆင့်မှတ်ပုံတင်ခြင်း

- SMS ပေးပို့ခြင်းနှင့်

- SMS ပေးပို့ပြီးသောအခါတွင်နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့်မိုဘိုင်းဖုန်းနံပါတ်ကို [email protected] သို့ အီးမေးလ်ပေးပို့ခြင်း စတဲ့နည်းလမ်းတွေနဲ့ မှတ်ပုံတင်နိုင်ပါတယ်လို့ Ooredoo Myanmar ကနေ ကြေညာခဲ့ပါတယ်။

Source : Ooredoo Myanmar

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။