ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေတဲ့ အမျိုးသမီးတွေ တစ်နည်းအားဖြင့် အမှီအခိုကင်းတဲ့ အမျိုးသမီးတွေဟာ မယုံနိုင်လောက်စရာ ဆွဲဆောင်မှုရှိကြပါတယ်။

၁။သူမက သင်မရှိလည်း ဘယ်လို ရပ်တည်ရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။

သင့်အနေနဲ့ သူမအတွက် လိုအပ်ချက်တွေကို လိုက်ပြီး စိတ်ပူနေစရာမလိုပါဘူး သူမက သူမဘာသာ ရပ်တည်နေတဲ့သူ ဖြစ်ပြီးသားမို့လို့ပါပဲ။သင့်ကို မချုပ်ချယ်သလို ဟိုမသွားနဲ့ ဒီသူငယ်ချင်းနဲ့မတွေ့နဲ့ဆိုပြီးလည်း ပြောဆိုနေမှာမဟုတ်ပါဘူး။သင်အနေနဲ့ အနေဝေးနေတာပဲဖြစ်ဖြစ်၊သူမနဲ့ ခဏခွဲနေရတဲ့ အချိန်မျိုးမှာပဲဖြစ်ဖြစ် သူမတစ်ယောက်တည်း ရပ်တည်နေရမလားဆိုပြီး စိတ်ပူရမှာ မဟုတ်တော့ပါဘူး။

၂။သင့်အတွက် အားဖြစ်စေပါတယ်။

အမှီအခိုကင်းတဲ့ အမျိုးသမီးအများစုဟာ ပြတ်သားတတ်ကြပါတယ်။သူမရဲ့ စိတ်အားထက်သန်မှု၊အိပ်မက်တွေကို သင့်ကိုပြောပြမှာ ဖြစ်ပြီး လိုအပ်မယ်ထင်တဲ့ အကြံကောင်းတွေလည်း ပေးနိုင်လို့ သင့်အတွက် Cheerleader အကြီးစားပါပဲ။သင်စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ပခုံးတစ်ဖက်ငှားနိုင်မယ့်သူ၊ရင်ခွင်ထဲထည့်ပြီး နှစ်သိမ့်ပေးနိုင်မယ့် သူတွေဆိုလည်း မမှားဘူးနော်။

၃။သူမကိုယ်သူမ ဂရုစိုက်နိင်တယ်။

သူမအနေနဲ့ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ သူမပဲလိုအပ်တယ်လို့တွေးထားတဲ့သူတွေပါ။သင့်အနေနဲ့ သူမဘေးမှာ အချိန်ပြည့်မရှိနိုင်ဘူးဆိုတာလည်း သူမသိပြီးသားပါ။အဲဒီအတွက် တပူပူ တဂျီဂျီနဲ့ မြီးကောင်ပေါက်မလေးတွေကို ချစ်သူတော်ထားရသလို နားညီးရမှာလည်း မဟုတ်ပါဘူး။သူတို့ကအကြောင်းမတိုက်ဆိုင်လို့ ပြတ်စဲသွားရင်တောင် သူမကိုယ်သူမ ပြန်တည်ဆောက်မယ့်အမျိုးသမီးတွေပါ။

၄။သင့်ကို ဘယ်တော့မှ မခြယ်လှယ်ပါဘူး။

သူမက သင့်ကို ဘာတော့မှ သင်ကနေ ပြောင်းလဲခိုင်းမှာမဟုတ်သလို သူမဖြစ်ချင်တဲ့ ဘောင်တွေ ၊စည်းတွေထဲကိုလည်း အတင်းဆွဲသွင်းမှာ မဟုတ်ပါဘူး။သင်နဲ့အတူ ရှိနေစဉ်မှာ သင့်အမူအကျင့်နဲ့ လိုက်လျောညီထွေနေနိုင်မယ့် သူတွေပါ။သူမရဲ့ တန်ဖိုး၊စံတွေကိုပဲ အမြဲမြှင့်တင်နေတဲ့သူတွေဖြစ်ပြီးသင်နဲ့အတူ သဟဇာတဖြစ်ဖို့ သင့်ကို နားလည်ပေးနိုင်မယ့်သူတွေပေါ့။

၅။သင့်ကို လိုအပ်တယ်ဆိုတာထက် လိုချင်အောင်လုပ်နိုင်ပါတယ် ။

သင်တို့ရဲ့ Relationship ပိုအဓိပ္ပာယ်ရှိဖို့၊ခိုင်မြဲဖို့အတွက် ၊သူမတစ်ယောက်တည်း ရပ်တည်ရမှာဆိုးလို့ သင့်ကို လက်တွဲတာမဟုတ်ပါဘူး။ သူမတို့မှာ ရပ်တည်နိုင်စွမ်းရှိပြီးသားမို့လို့ ဦးနှောက်နဲ့ရွေးချယ်ကြတဲ့သူတွေ

မဟုတ်ကြဘဲ နှလုံးသားထဲက ရွေးချယ်ကြတာပါ။သူမက သင့်ကို ချစ်ခင်ပြီး တန်ဖိုးထားလို့လည်း ဖြစ်ပါတယ်။သူမက လူတိုင်းဆီမှာ လွယ်လွယ်နဲ့ ကျရှုံးခဲတယ်ဆိုတာ သတိရပါ။သင်ကိုယ်သင် အသုံးမဝင်ဘူးလို့ ခံစားနေတဲ့အချိန်တွေမှာ ၊သင်လိုအပ်တဲ့အချိန်တွေမှာ သူမကပဲ သေသေချာချာ ဂရုစိုက်မှုပေးနိုင်စွမ်းရှိတယ်ဆိုတာသိထားပါ။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။