အလှူရေစက် မပြတ်တဲ့ ခန့်စည်သူ

မြန်မာ့အနုပညာလောကရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ အကယ်ဒမီ ခန့်စည်သူဟာ မကြာခဏ လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပြီး ပရဟိတ လုပ်ကိုင်ရခြင်းကို သဘောကျနှစ်သက်သူဖြစ်တယ်ဆိုတာ ပရိသတ်ကြီး အားလုံး အသိဖြစ်ကြမှာပါ………

အနုပညာရှင် အများစုပါဝင်ပြီး ခန့်စည်သူ ဦးဆောင်ဖွဲ့စည်းထားတဲ့ မေတ္တာသင်္ဂဟ ပရဟိတအဖွဲ့နှင့်အတူ လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းမှုတွေ လုပ်လေ့ရှိသလို တစ်ကိုယ်တော် လှူဒါန်းမှုတွေလည်း လုပ်တာတွေ့ရပါတယ်။ ယခုတစ်ခါလည်း ခန့်စည်သူတစ်ယောက် ဘယ်လိုကောင်းမှုကုသိုလ်တွေ လှူဒါန်းမှုတွေ လုပ်ခဲ့သလည်း ဆိုတာကို…………

၂၅-၂-၂၀၁၇ ယနေ့ shooting နားပါ၍ ကရင်ပြည်နယ်၊မြဝတီမြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီး ရွှေသင်္ကန်းဆက်ကပ်ရန် လှူဒါန်းခြင်း၊

ရွှေတိဂုံပုံတူ မဟာကနက စေတီတော် ဘက်စုံအတွက်လှူဒါန်းခြင်း၊

တောင်တန်းသာသနာပြုကျောင်း ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဇောတိက(M.A)

ထံ ကျောင်းဆောင်သစ်ဆောက်လုပ်ရန် လှူဒါန်းခြင်းနှင့် ဆွမ်းဆက်ကပ်လှူ ဒါန်းခြင်းများဖြင့် ကုသိုလ်ယူခဲ့ပါတယ်။ 

Source: Kyaw Soe Win (Khant Si Thu)

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။