ယခုခေတ်မှာ နည်းပညာတွေတိုးတက်ပြောင်းလဲလာတာနဲ့အမျှ လေယာဉ်တွေထုတ်လုပ်မှုပိုင်းဟာလည်း တဖြည်းဖြည်း အဆင့်မြင့်လာခဲ့ပြီပဲဖြစ်ပါတယ်။ ဒီတစ်ခါဖော်ပြပေးမှာကတော့ ကမ္ဘာပေါ်မှာ အမြန်ဆုံး ၊ စွမ်းဆောင်ရည်အမြင့်ဆုံး လေယာဉ်ဖြစ်တဲ့ SR-17 Blackbird အကြောင်းကို ပရိသတ်ကြီး ဗဟုသုတရစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ 

ထိုလေယာဉ်ကို လောခ့်ဟိမာတင် အမည်ရှိတဲ့ ကုမ္ပဏီက ထုတ်လုပ်ခဲ့တာဖြစ်ပြီး လက်ရှိ အမေရိကန်လေတပ်မှာ အသုံးပြုနေတာပဲဖြစ်ပါတယ်။ အဆိုပါလေယာဉ်ကို ရေဒါနဲ့ ဖမ်းမမိနိုင်အောင် ဒီဇိုင်းဆွဲထုတ်လုပ်ထားပြီး ခရီးရှည် ပျံသန်းနိုင်ပြီး မဟာဗျူဟာမြောက် ကင်းထောက်စောင့်ကြည့်မ၍တွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ အမေရိကန်လေတပ်မှာ စုစုပေါင်း ၃၂စီးရှိပြီး ၁၂စီးဟာမတော်တဆဖြစ်ပြီး ဆုံးရှုံးခဲ့သော်လည်း ရန်သူ့ကြောင့် တစ်စီးမှ ပျက်စီးဆုံးရှုံးခဲ့ရတာမျိုး မရှိခဲ့ဘူး

ထို SR -17 လေယာဉ်ဟာ ပေ၈သောင်း အမြင့်ကနေ တစ်နာရီကို အမြင့်ဆုံး မိုင် ၂၂၀၀ အထိ ပျံသန်းနိုင်ပါတယ်။ လေယာဉ်အလျားဟာက ၁၀၇ပေရှိပြီး တောင်ပံအရှည်ကတော့ ၅၅ပေ ရလက်မ ရှိတယ်လို့သိရပါတယ်။ လက်ရှိအချိန်မှာတော့ SR -17 Blackbird လေယာဉ်ဟာ ကမ္ဘာပေါ်မှာ စွမ်းဆောင်အရည်အမြင့်ဆုံးနဲ့ အမြန်နိုင်ဆုံး လေယာဉ်တစ်စီး အဖြစ်ရပ်တည်လျက်ရှိပါတယ်။  

Source :Wow Box

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။