နိုင်ငံကျော်အဆိုတော် အိမ့်ချစ်အနေနဲ့ သူ့ရဲ့အချစ်ရေးကို ပရိသတ်တွေကို လျို့ဝှက်ထားတာမျိုးမရှိသလို၊ ပေါ်ပေါ်ထင်ထင်ချပြတာလဲ မရှိပါဘူး။ ဒါပေမယ့် သူနဲ့ သူ့ချစ်သးကောင်လေးရဲ့ ချစ်စရာကောင်းတဲ့ စုံတွဲဓာတ်ပုံတွေကတော့ အင်တာနက်မှာပြန့်လျက်ရှိပါတယ်။
အိမ့်ချစ်ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့ မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော်ဖြေလာသူတစ်ဦးလည်း ဖြစ်ပါတယ်။ အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေးပုံတူပန်းချီီ" ၊ အချစ်ရေးစတဲ့ တေးသီချင်းခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။
အိမ့်ချစ်ရဲ့ တတိယစီးရီးခွေကိုလည်း ဖေဖော်ဝါရီ(၁၂)ရက်နေ့က ဖြန့်ချိခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အခွေတစ်ခွေဖြစ်ပါတယ်။ အခွေထွက်တဲ့ နေ့မှာပဲ သူမရဲ့ Emily ဆိုတဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ မိန်းကလေးဝတ်အကျႌများကိုလည်း ထုတ်လုပ်သွားခဲ့ပါတယ်။ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားသူ အိမ့်ချစ်ကတော့ အနုပညာနဲ့ ပတ်သက်ပြီး သူမလုပ်ချင်တာများကို တစ်ခုချင်း အကောင်အထည်ဖော်လျက်ရှိပါတယ်။
Source : local media
Alexa
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။