တောင်အာဖရိကနိုင်ငံ၊ Soshanguve အရပ်မှ Light Monyeki အမည်ရ ကိုယ်တိုင် ရှေ့ဖြစ်ဟောဆရာနဲ့ ဘုန်းကြီးရယ်လို့ ခံယူထားတဲ့အမျိုးသားမှာ သူ့ကို ယုံကြည်ကိုးကွယ်သူအမြောက်အမြားရှိခဲ့ပါတယ်။

ဒါပေမယ့် ဟောပြောပွဲတစ်ညမှာ သူဟာ ယုံကြည်မှုနဲ့ သစ္စာရှိမှုတို့ကို တွဲဖက်ဟောကြားခဲ့ပြီး ဒါကပဲသေခြင်းကို အန်တုနိုင်တယ်လို့ ဟောပြောခဲ့ကာ ကြွက်သတ်ဆေးထည့်ထားတဲ့ရေကို သူ့ကိုယုံကြည်သူပရိသတ်အပေါင်းကို တိုက်ကျွေးခဲ့ပါတယ်။

သူဟာ ဒီရေကို ဘယ်သူမှမသောက်ခင် သူအရင်သောက်ပြခဲ့ပြီးနောက် ပရိသတ်အမြောက်အမြားဟာ သူ့နောက်ကနေ ရေကိုအလုအယက်သောက်သုံးခဲ့ကြပါတယ်။ ထွက်လာတဲ့ရလဒ်ကတော့ အဲညမှာပဲ သူ့ကိုယုံကြည်သူ ပရိသတ်တွေဟာ ဗိုက်ထဲမခံစားနိုင်အောင် အောင့်လာပြီး အနီးမှရှိတဲ့ဆေးရုံကို အလုအယက်ပြေးကြရတယ်ဆိုတာပါပဲ။ ဒါ့အပြင် သူ့ရဲ့ယုံကြည်သူနောက်လိုက်ငါးယောက်ဟာ ချက်ချင်းဆိုသလို သေဆုံးခဲ့ပါတယ်။

ဒီအမှုကိုရဲတွေက စုံစမ်းစစ်ဆေးနေပြီး ဘုန်ကြီးဖြစ်သူ Light ကနေ သူ့မှာတာဝန်ရှိတယ်ဆိုတာကို ဝန်ခံဖို့ ငြင်းဆိုခဲ့ပါတယ်။ သူ့အနေနဲ့ ကောင်းတာတွေများလွန်းရင်လဲ မကောင်းတာတွေဖြစ်တတ်တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည်ပြောကြားခဲ့ပြီး သူ့ရဲ့ယုံကြည်မှုကနေ သေခြင်းတရားကိုအန်တုနိုင်တယ်ဆိုတဲ့အကြောင်းကိုလဲ ထပ်မံပြောကြားခဲ့ပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။