အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်လာပြီဖြစ်တဲ့ သဇင်က အိမ်ထောင်သက်က ကြာလာပြီမို ့ ကလေးယူဖို ့ကြိုးစားနေတယ်လို ့ပြောပါတယ်။

သူမရဲ ့အိမ်ထောင်ရေးအကြောင်း အွန်လိုင်းပေါ်မှာ ဝေဖန်မှုရှိခဲ့တဲ့အပေါ်မှာတော့ သူမက ပြန်လည်ဖြေရှင်းသွားမှာ မဟုတ်ဘူးလို ့ဆိုပါတယ်။

“သဇင်က ဘယ်အရာမဆို တစ်ခုပဲ လုပ်တတ်တယ်။

အခု အနုပညာအလုပ်တွေ ပြန်လုပ်မယ်လို ့ ပြန်ပြီး ဆုံးဖြတ်တဲ့အခါ အနုပညာအလုပ်အတွက်ပဲ အာရုံစိုက်ထားတယ်။

သဇင့်အိမ်ထောင်ရေးက သဇင်နဲ ့ပဲဆိုင်တယ်။

ကိုယ်နေတဲ့ပတ်ဝန်းကျင် ကိုယ်သွားလာလှုပ်ရှားနေတဲ့ အနေအထားအားလုံးဟာ ရှင်းပြစရာမလိုပါဘူး။

ဖေ့စ်ဘွတ်ကိုလည်း ကောင်းတဲ့ဘက်မှာပဲ အသုံးချတယ်။

ဝေးကွာနေတဲ့သူငယ်ချင်းတွေနဲ ့အဆက်အသွယ်လုပ်ဖို ့ဒီလောက်ပါပဲ။

မဟုတ်တဲ့ဘက်မှာ စိတ်မဝင်စားပါဘူး” လို ့သူမက ပြောပါတယ် လက်ရှိမှာ အနုပညာအလုပ်တွေ ပြန်လုပ်နေပြီဖြစ်လို ့

တစ်ကိုယ်တော်အခွေအတွက်လည်း ပြင်ဆင်နေတယ်လို ့သဇင်က ပြောသွားခဲ့ပါတယ်။ 

Source: Local Celebrity News

Hnin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။