ဦးကိုနီနဲ့ ဦးနေဝင်းတို့ဟာ အာဇာနည်သူရဲကောင်းတွေ နိုင်င့ံသားကောင်းတွေဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုပြောကြားလိုက်ပါတယ်။

အတိုင်ပင်ခံပုဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဦးကိုနီနဲ့ ဦးနေဝင်းတို့လို အာဇာနည်သူရဲကောင်းတွေ နိုင်င့ံသားကောင်းတွေ တိုင်းပြည်မှာ ရှိခဲ့တယ်ဆိုတာကို အမြဲတမ်းအောက်မေ့ပြီး အင်အားသစ်မွေးကြဖို့ ပြောပါတယ်။

ရန်ကုန်၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ ပြုလုပ်တဲ့ ဦးကိုနီနဲ့ ဦးနေဝင်းတို့ တစ်လပြည့် အောက်မေ့ဖွယ်အခမ်းအနားမှာ ပြောခဲ့တာပါ။

“ကျမတို့ အဖွဲ့ချုပ်ရဲ့ အာဇာနည်သူရဲကောင်းများ၊ ကျမတို့အဖွဲ့ရဲ့ သားကောင်းများ၊ နိုင်ငံတော်ရဲ့ သားကောင်းများ ရှိခဲ့တယ်ဆိုတဲ့ အသိကို အမြဲပဲ

အောက်မေ့ပြီးတော့ အင်အား ဖြစ်ကြပါစေလို့ ဆန္ဒပြုပါတယ်။”

အောက်မေ့ဖွယ် အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီနာယက သူရဦးတင်ဦးတို့ ဦးဆောင် တက်ရောက်ချီးမြှင့်ခဲ့ကြပြီး ဦးကိုနီမိသားစုနဲ့ ဦးနေဝင်းမိသားစုတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ရှေ့နေဦးကိုနီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့က သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခံရပြီး သတ်တဲ့သူကို လိုက်ဖမ်းတဲ့ တက္ကစီဆရာ ဦးနေဝင်းလည်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။

Source: DVB

Hnin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။