ဥရောပသို့ ရောက်ရှိနေတဲ့ ရွှေမှုန်ရတီ

မြန်မာ့ဆယ်ကျော်သက်တွေထဲကမှ နာမည်ကြီး ထိပ်တန်းမင်းသမီးတစ်လက် ဖြစ်တဲ့ ရွှေမှုန်ရတီက ဥရောပကို ရောက်ရှိနေတယ်လို့ သူမရဲ့ လူမှုစာမျက်နှာမှ တစ်ဆင့်သိရပါတယ်။

ရွှေမှုန်ရတီဟာ အသက်အရွယ်ငယ်ရွယ်ပေမယ့် သူမရဲ့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည် တစ်မူထူးခြားတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေကြား အားပေးမှုရရှိထားတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ မကြာခဏဆိုသလို သူမရဲ့ ခန္ဓာကိုယ်အသားပေး ဓာတ်ပုံတွေ လူမှုကွန်ယက်ပေါ်တင်လေ့ရှိပြီး ထိုအကြောင်းအရာနဲ့ပတ်သတ်ပြီး သူမကိုသူမ ယုံကြည်မှုရှိစေတဲ့အတွက်ဆိုပြီး အငတာဗျူးတစ်ခုမှာ ဖြေဆိုခဲ့တာတွေ့ရပါတယ်။

လတ်တလောအနေနဲ့ အနုပညာအလုပ်တွေကိုပဲ ဆက်လက်လုပ်ကိုင်လျက်ရှိနေပြီး သူမရဲ့ လူမှုကွန်ယက်မှသတင်းများအရ ဥရောပသို့ သွားရောက်ထားတဲ့ အမှတ်တရ ဓာတ်ပုံလေးတွေ တင်ထားတာတွေ့ရပါတယ်။ ကဲ ပရိသတ်ကြီး ကြည့်ရအောင် ဓာတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်နော်……………

Source: Shwe Mhone Yati

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။