ပရိသတ်ကို စိတ်မကောင်းဖြစ်စေခဲ့တဲ့ ဓာတ်ပုံတစ်ပုံ

ပရိသတ်ကို စိတ်မကောင်းဖြစ်စေခဲ့တဲ့ ဓာတ်ပုံတစ်ပုံ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လျက်ရှိနေပါတယ်……

မနေ့ညက Sule Shangari La မှာပြုလုပ်ကျင်းပခဲ့တဲ့ Ve Ve ရဲ့ နှစ် ၂၀ ပြည့် အထိမ်းအမှတ်ညစာစားပွဲသို့ အနုပညာရှင်များနှင့်အတူ အနယ်နယ်အရပ်ရပ်မှ အရောင်းကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပါတယ်။

ထိုပွဲသို့ အဆိုတော် အောင်လနှင့် ဝိုင်းစုခိုင်သိန်းတို့တက်ရောက်ခဲ့ကြသလို ဝိုင်းစုခိုင်သိန်းရဲ့ ခင်ပွန်းဟောင်းဖြစ်သူ ကိုဥက္ကာမြင့်ကြူ လည်း တက်ရောက်လာခဲ့ပါတယ်။ လူမှုကွန်ယက်ပေါ်ပျံ့နှံ့နေတဲ့ ဓာတ်ပုံအရ သူတို့တွေ ထိုင်တဲ့စားပွဲဝိုင်းဟာ အရှေ့နောက် ကပ်လျက်ဖြစ်နေတာတွေ့ရပါတယ်။

Media တစ်ခုရဲ့ အမိအရမှတ်တမ်းတင်ထားလိုက်တဲ့ ထိုဓာတ်ပုံဟာ ယခုအခါ လူမှုစာမျက်နှာထက်မှာ ပျံ့နှံ့လျက်ရှိပြီး ပရိသတ်တွေကတော အောင်လနှင့် ဝိုင်းစုတို့အတွဲ ဆိုးရွားပြင်းထန်စွာ ဝေဖန်လျက်ရှိပါတယ်။ ဓာတ်ပုံထဲမှာတော့ ကိုဥက္ကာမြင့်ကြူရဲ့ မျက်နှာဟာ မရွှင်မပြဖြစ်နေပြီး အောင်လနဲ့ ဝိုင်းစုတို့ကတော့ ပြုံးပျော်ရွှင်နေတာ တွေ့ရပါတယ်………

Source: Popular Journal

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။