မွေးကတည်းက မျက်လုံးမပါလာတဲ့ကလေးလေး

တရုတ်ပြည်မှာ ကလေးတစ်ယောက်ဟာ မွေးကတည်းက မျက်လုံးမပါခဲ့ပါဘူး။ September 20 မှာမွေးခဲ့ပြီး သူ့အမေက ကလေးမှာ မျက်လုံးမပါတဲ့ သိလိုက်ရတဲ့ အချိန်မှာတော့ အတော်စိတ်မကောင်း ဖြစ်ခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးက ကလေး တစ်သောင်းမှာ ၃ယောက်ဖြစ်နိုင်ပြီး ကလေးက ဘယ်တော့မှ အမြင်အာရုံရရှိနိုင်မှာ မဟုတ်တော့ပါဘူး။ ကလေးရဲ့မိသားစုက Guangzhou ကပိုကြီတဲ့ ဆေးရုံဆီကနေ အကူအညီတောင်းထားပြီး တခြား ရောဂါတွေလည်း ရှိမရှိ စစ်ဆေးနေပါတယ်။ ကလေးရဲ့ရှေ့ရေးအတွက် လှူဒါန်းမှုတွေရဖို့ မျှော်လင့်ပြီး လောလောဆယ်မှာတော့ မျက်လုံးပါမလာတာကလွဲရင် တခြားကလေးတွေလိုဘဲ ကျန်းကျန်းမာမာတော့ရှိသေးတယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။