ခင်ပွန်းနဲ့အတူ အရမ်းပျော်နေတဲ့ သဥ္ဇာနွယ်ဝင်း

ဖေဖော်ဝါရီလ ၃ ရက်နေ့က မင်္ဂလာဆောင်ခဲ့ကြတဲ့ မောင်လှမျိုးမြင့် နှင့် မသဥ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံဟာ ပျားရည်ဆမ်းခရီးအဖြစ် အင်ဒိုးနီးရှား ဘာလီကျွန်းသို့ ရောက်ရှိနေတယ်လို့ သိရပါတယ်။ သဥ္ဇာနွယ်ဝင်းဟာ သူမရဲ့ လူမှုစာမျက်နှာမှ တဆင့် သူမတို့ ဇနီးမောင်နှံရဲ့ ကြည်နူးပျော်ရွှင်ဖွယ်ရာ ပုံလေးတွေ တင်ထားပြီး သူမရဲ့ ပရိသတ်တွေကလည်း သဥ္ဇာလေးပျော်နေတွေ့ရလို့ စိတ်ချမ်းသာတယ်လို့ ဆိုပါတယ်။

"Happ time with my husband" ယောက်ျားနဲ့ အတူတူပျော်ရွှင်ရတဲ့ အချိန်လေးတွေ ဆိုတဲ့ စာသားလေးနဲ့အတူ တင်ထားပြီး သူမဘယ်လောက်ထိ ပျော်ရွှင်နေသလည်းဆိုတာကို တွေ့မြင်နိုင်ပါတယ် ပရိသတ်ကြီးရေ… လတ်တလောမှာ သူမတို့စုံတွဲကို အလိုက်ဖက်ဆုံးစုံတွဲလို့ ဆိုနေကြပါတယ်။ အနုပညာလှုပ်ရှားမှု အနေနဲ့တော့ သဥ္ဇာနွယ်ဝင်းဟာ သူမဖခင်ကို ကတိပေးထားတဲ့အတိုင်း ဆက်လုပ်ဖြစ်မှာ မဟုတ်တော့ဘူးလို့ သိရပါတယ်………

Source: Thinzar Nwewin

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။