လူတိုင်းဟာ မာ့ခ်ဇူကာဘတ်လို အသက်၂၃နှစ်အရွယ်မှာ ဘီလီယံနာဖြစ်ဖို့ အခွင့်အလမ်းအမြဲရှိနေမှာ မဟုတ်ပါဘူး။
ဒါပေမယ့်လဲ မာ့ခ်ဟာ ကမ္ဘာမှာ အသက်အငယ်ဆုံး ဘီလီယံနာတစ်ယောက်တွေထဲကတစ်ယောက်ဖြစ်နေပြီး သူဟာ အမြဲမီးခိုရောင်အကျႌတစ်ထည်တည်းကိုသာဝတ်ဆင်လေ့ရှိပါတယ်။
အသက် ၃၁နှစ်အရွယ် မာ့ခ်ဟာ လူထုနဲ့တွေ့ဆုံတဲ့ အင်တာဗျူးပွဲတစ်ခုမှာ လူတစ်ယောက်က ဘာလို့ အဝတ်အစားတစ်မျိုးတည်းဝတ်နေရတာလဲဆိုတဲ့ အမေးအပေါ် ရိုးရိုးလေးဖြေကြားသွားခဲ့ပါတယ်။
သူဟာ ဘဝမှာ သိပ်အရေးမပါတဲ့ဆုံးဖြတ်ချက်တွေကို တတ်နိုင်သမျှအာရုံမထားပဲ အရေးကြီးတဲ့သူ့အလုပ်ဆိုင်ရာဆုံးဖြတ်ချက်တွေကိုပိုပြီးထိရောက်စွာ ချမှတ်ချင်တယ်လို့ပြောပါတယ်။ နေ့တိုင်းမနက်အိပ်ရာနိုးတိုင်းမှာ သူဟာ Facebookအသုံးပြုသူကွန်ယက်ကြီးရဲ့တာဝန် ရှိသူတစ်ဦးလို့ခံစားရပြီး အဲအတွက်သူသိပ်ကံကောင်းတယ်လို့မြင်မိပါတယ်လို့ဖြေကြားခဲ့ပါတယ်။ အဝတ်အစားတစ်မျိုးတည်းဝတ်ဆင်ရတာ ပိုပြီးစိတ်ရှင်းပြီး အလုပ်မှာ အာရုံပိုစိုက်နိုင်စေတယ်လို့ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ မာ့ခ်ဟာ ဒေါ်လာ ၅၅သန်းတန်ဖိုးရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေနဲ့ရပ်တည်နေပါတယ်။
Source: independent.co.uk
Translated by Alexa
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။