ဧပြီ ၁ ရက်တွင် (၁)ကြိမ်မြောက် ကျပ် ၅ဝဝတန်အောင်ဘာလေထီကို ဖွင့်သွားမည်ဖြစ်ရာ (၃၃၉) ကြိမ်မြောက် ကျပ် ၂ဝဝ တန်အောင်ဘာလေကိုလည်း ဆက်ဖွင့်သွားမည်ဖြစ်ပြီး ကျပ် ၂ဝဝ တန် ထီဆုများတွင် ကျပ်သိန်း ၁ဝဝဝ ဆုနှစ်ဆုအပါအဝင် ဆုမဲကြီးများကို လျှော့ချဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သတင်းရရှိသည်။

ယခင်အောင်ဘာလေသိန်း ဆုဖွင့်ပွဲများတွင် ဆုမဲကြီးများအဖြစ် ကျပ်သိန်း ၁၅ဝဝ ဆုတစ်ဆု၊ ကျပ်သိန်း ၁ဝဝဝ ဆု နှစ်ဆု၊ ကျပ်သိန်း ၅ဝဝ ဆု ငါးဆု၊ ကျပ်သိန်း ၃ဝဝ ဆု ခြောက် ဆု၊ ကျပ်သိန်း၂ဝဝ ဆု ခုနစ်ဆုအစရှိသဖြင့် ဖွင့်လှစ်ပေးလျက်ရှိရာမှ ကျပ်သိန်း ၁ဝဝဝ ဆု နှစ်ဆုအပါ အဝင်ဆုမဲကြီးများကိုလျှော့ချကာ ဆုမဲကြီးများအဖြစ် ကျပ်သိန်း ၁၅ဝဝ ဆု၊ ကျပ်သိန်း ၁ဝဝ ဆုနှင့် ကျပ်သိန်း ၅ဝ ဆုများကိုသာဖွင့်လှစ် ပေးသွားမည်ဖြစ်သည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဦးမင်းထွဋ်က''(၃၃၉) ကြိမ်မြောက်ကျပ် ၂ဝဝ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှာ အက္ခရာသုံးလုံးသာထုတ်ဝေရောင်း ချမှာဖြစ်တဲ့အတွက် ဆုမဲတွေလည်း လျော့ကျသွားတာပါ။ အက္ခရာသုံး လုံးရောင်းချရပြီး ၆ဝရာခိုင်နှုန်းကို ဆုမဲအဖြစ်ပြန်ဖွင့်လှစ်ပေးသွားမှာ ပါ။ ဆုကြီးတွေတော်တော်များများ ပါဝင်တော့မှာမဟုတ်တော့ပါဘူး''ဟု ဖေဖော်ဝါရီ ၂၇ ရက်က ဒီမိုကရေစီတူဒေးသို့ပြောသည်။ ယင်း(၃၃၉)ကြိမ်မြောက်ကျပ် ၂ဝဝ တန်အောင်ဘာလေသိန်းဆု ဖွင့်ပွဲအတွက်ထီလက်မှတ်များကို အက္ခရာ(က)မှ(ဂ)အထိသုံးလုံးသာ ထုတ်ဝေရောင်းချမည်ဖြစ်ပြီး ယင်းထီလက်မှတ်များရောင်းချရခြင်းမှရရှိသည့် ၆ဝ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ဖွင့်လှစ်ပေးကာကျန် ၄ဝ ရာခိုင်နှုန်းကိုနိုင်ငံတော်အခွန်အဖြစ်သိမ်းဆည်း မည်ဖြစ်ကြောင်းသိရသည်။

ဦးမင်းထွဋ်က''ဆုကြီးတွေလျော့ သလိုဆုမဲတော်တော်များများလည်း လျော့သွားမှာပါ။ အက္ခရာသုံးလုံး ရောင်းချပြီးရတဲ့ ၄ဝ ရာခိုင်နှုန်း ကတော့နိုင်ငံတော်အခွန်ထဲဝင်မှာပါ''ဟုပြောသည်။ ကျပ် ၂ဝဝ တန်အောင်ဘာ လေသိန်းဆုပေါက်မဲများကိုအများ ပြည်သူစိတ်ဝင်စားမှုရှိလာစေရန် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စတင်၍ ၂ဝ၁၇ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်အထိ အထူးဆုကြီးစနစ်ဖြင့် ကျပ်သိန်း ၁၅ဝဝဆု တစ်ဆု၊ ကျပ်သိန်း ၁ဝဝဝ ဆုနှစ်ဆု၊ ကျပ်သိန်း ၅ဝဝ ဆုငါးဆု၊ ကျပ်သိန်း ၃ဝဝ ဆု ခြောက်ဆု၊ ကျပ်သိန်း ၂ဝဝ ဆု ခုနစ်ဆု၊ ဆုတစ်ဆုချင်းဆုမဲများအဖြစ် ကျပ်သိန်း ၁ဝဝ ဆု ၁၈ ဆု၊ ကျပ်သိန်း ၅ဝ ဆု ၂ဝ ဆု၊ ကျပ်၂၅ သိန်းဆု ၂ဝ ဆု၊ ကျပ် ၁ဝ သိန်းဆု ၃ဝ ဆုနှင့် ကျပ်ငါးသိန်းဆု ၃၄ သိန်းဆုနှင့် ဝေဝေဆာဆာပဒေသာဆုမဲများကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

TEEP

democracytoday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။