မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ရွှေတောင်ကျေးရွာအုပ်စု ဆင်ချီတိုင်းကျေးရွာနေ ဦးကြည်လင်း (၄၅ နှစ်) သည် (၁၆-၇-၂၅ဝ၁၆) ရက်နေ့က သမီးဖြစ်သူ မယဉ်ယဉ်အေး ကိုးနှစ်၏ မိန်းမကိုယ်မှသွေးများထွက်နေသဖြင့် ကျောက်ဆည်ဆေးရုံသို့ တင်ပို့ခဲ့သည်။

သမီးဖြစ်သူ အား ချော့မော့မေးမြန်းရာ ရွာဦးကျောင်းတွင် ကိုရင်ကြီးဝတ်နေသော အဘိုးတော်စပ်သူ ဦးအေး(ခ) အရှင်အိန္တိက (၇၁ နှစ်) ထံ အလည်သွားရာ အဘိုးတော်သူမှ စမုံနက်ချောင်းသို့ ရေခပ်သွားရန် ခေါ်သွားပြီး ကန္တာရတောစပ်တွင် သားမယားအဖြစ်ပြုကျင့်ခံရကြောင်း ပြန်လည်ပြောကြားသည်။

ဖခင်ဖြစ်သူ ဦးကြည်လင်းက တရားလိုပြုလုပ်၍ (၁၇-၇-၂ဝ၁၆) ရက်နေ့တွင် ရွှေတောင်ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားရာ ရွှေတောင်ရဲစခန်းက အမှုဖွင့်အရေးယူခဲ့သည်။

၄င်းအမှုအား မိတ္ထီလာခရိုင် တရားရုံးတွင်ကြားနာစစ်ဆေးပြီး တရားခံ ဦးအေး(ခ) အရှင်အ္တိိက (၇၁ နှစ်) သည် ရာဇသတ်ကြီးပုဒ်မ (၃၇ဝ၆) အား ကျူးလွန်ကြောင်းထင်ရှားသဖြင့် ဖေဖော်ဝါရီ ၁၃ ရက်က မိတ္ထီလာခရိုင်တရားသူကြီးရုံးမှ အလုပ်နှင့်ထောင်ဒဏ် (၂ဝ နှစ်) ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ဦးတင့်လှိုင်(မိတ္ထီလာ)

Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။