ပရိသတ်ကြီးရေ ဒီတစ်ခါ ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ Onlinပေါ်မှာ လူကြိုက်များနေတဲ့ Rexie ဆိုတဲ့ ကြောင်လေးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဓာတ်ပုံလေးတွေဟာ ချစ်စရာ ကောင်းလွန်းလို့ အင်တာနက်ဟာ ရေပန်းစားနေတဲ့ Rexie ရဲ့ပုံရိပ်လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော် ။

Rexie လေးဟာ အခုအချိန်မှာ နာမည်ကြီးနေပေမယ့်လည်း သူ့ရဲ့ ဘဝလေးက အတော်ကို သနားစရာ ကောင်းခဲ့ပါတယ်။ Rexie ရဲ့ သခင်ဟောင်းဟာ rexieလေးကို တော်တော်လေး နှိပ်စက်ခဲ့တဲ့အတွက် သူရဲ့ အနောက်ပိုင်း ခြေထောက်နှစ်ချောင်းစလုံးဟာ လမ်းလုံးဝလျောက်လို့မရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ သို့သော်လည်း ကံကောင်းစွာဖြင့် Rexieလေးကို မွေးစားမယ့် သခင်အသစ်ပေါ်လာခဲ့ပါတယ်။ 

သခင်အသစ်ရဲ့ ဂရုစိုက်မှုတွေကြောင့် Rexieလေးဟာ အခုဆိုရင် ဘီးနှစ်ဘီး အကူအညီနဲ့ လမ်းလျှောက်နိုင်ပီပဲ ဖြစ်ပါတယ်။ Rexieလေးဟာ ဓာတ်ပုံ အရိုက်ခံတဲ့ အခါမှာလည်း မရိုးနိုင်တဲ့ ပိုစ့်တွေ ပေးတတ်လို့ လူတော်တော်များရဲ့ အချစ်တော်ကြောင်ကလေး အဖြစ်ရှိလို့ နေပါတယ် ပရိသတ်ကြီးရေ... 

Source:Rexie Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။