ရဲရင့်အောင်ဟာ သရုပ်ဆောင် သဉာ ္ဇနွယ်ဝင်းနဲ ့ပတ်သက်ပြီးတော့ အသည်းကွဲနေတုန်းပဲလို ့ဆိုပါတယ် ။

အသည်းကွဲ သီချင်းတွေများများတွေ ့ရမယ့် ဒုတိယ သီချင်းခွေကိုလည်း ပရိသတ်ကြီးကို ချပြနို်င်ဖို ့အတွက် လက်စသတ်နေတယ်လို ့ပြောပါတယ် ။

ရဲရင့်အောင်က

”သီချင်းရေးတဲ့အပိုင်းကိုလည်း လက်စသတ်နေပါတယ် ။

အရင်က သီချင်းတွေလိုမျိုးမဟုတ်ဘဲ ကွဲထွက်သွားပြီး လက်ရှိအသည်းကွဲနေသေးတဲ့အတွက် သီချင်းစာသားတွေကော သံစဉ်လေးတွေကပါ

အသည်းကွဲပုံစံလေးတွေ ပိုမိုပါဝင်နိုင်ပါတယ်”

လို ့ပြောသွားပါတယ် ။

ပရိသတ်တွေကို သီချင်းအသစ်တွေပဲချပြပြီးတော့ နောက်ထပ်ရည်းစားအသစ်ထားရှိတော့မှာ မဟုတ်ဘူးလို ့လည်းပြောပါတယ် ။

သူ ့အတွက်ဆို ကျွန်တော်အကြိုက်ဆုံးဆေးလိပ်တောင် ဖြတ်ခဲ့ပြီးပြီ ။

တခြားအရာတွေဆို မပြောပါနဲ ့တော့လို ့ရဲရင်အောင်က ပြောသွားခဲ့ပါတယ် ။

Source: Akonthi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။