နိုက်တင်းဂေးမလေးပိုပိုတစ်ယောက် ပုသိမ်မှာသွားရောက်ဖျော်ဖြေခဲ့ပြီး ပုသိမ်သူပုသိမ်သားတွေရဲ့ အပြတ်အသတ်အားပေးကြမ်းမှုကြောင့် အတော်လေးပျော်ခဲ့ရပုံပါပဲ ပရိသတ်ကြီးရေ။ ချစ်စရာကောင်းတဲ့ အဆိုတော်မလေးတစ်ယောက် သူမရဲ့ဖျော်ဖြေမှုပုံရိပ်တွေကို " မတ်မတ်ပို အရမ်းကြွေသွားတဲ့ ပုသိမ် ..I love PaThein.Thank You so much.. ဧရာဝတီ တိုင်းက တာဝန်ကျေတယ် ချစ်တယ်နော် " ဆိုပြီး တင်လိုက်တာပဲဖြစ်ပါတယ်။ 

သူမရဲ့နောက်ဆုံးထွက်ရှိထားတဲ့ Master Piece အခွေလေးဟာ အမိုက်စားသံစဉ်တွေနဲ့ စုပေါင်းထား ပြီး ပရိသတ်တွေကလည်း တခဲနက်အားပေးကြမ်းခဲ့ကြတာပဲဖြစ်ပါတယ်။ Tik Tok Video လေးတွေနဲ့ လည်း မကြာခဏဆော့ကစားတတ်ပြီး ချစ်စရာကောင်းတဲ့ အဆိုတော်မလေးတစ်ယောက်ပါပဲ။

အဝါရောင် Crop Top အင်္ကျ ီလေးကို အမဲရောင်ပေါင်တိုစကဒ်လေးနဲ့တွဲဖက်ဝတ်ဆင်ထားတဲ့ သူမရဲ့ ပုံရိပ်လေးက တကယ်ကိုကြွေချင်စရာပါပဲ။ ဆံပင်အရောင်အသစ်လေးနဲ့ ပိုပိုတစ်ယောက် အလှကြီး လှနေပုံက ရင်ခုန်စွဲမက်ဖွယ်ပါပဲ။ ပိုပိုတစ်ယောက် ဘယ်လိုတွေပျော်ခဲ့တယ်ဆိုတာကို ပုံနှင့်တကွ တင်ဆက်ပေးလိုက်ပြီနော်။

Photo - ပိုပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။