90's Kids တွေကြားမှာ တစ်ချိန်ကရေပန်းစားခဲ့တဲ့ " No " အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သဇင်တစ်ယောက် အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှုတွေမှာ မတွေ့ရတော့ပဲ ပရိသတ်တွေနဲ့ အနည်းငယ် အဆက်အသွယ်ပြတ်တောက်နေခဲ့တာပဲဖြစ်ပါတယ်။

တိုင်းတပါးမှာပဲအခြေချနေထိုင်တာများပြီး အမိမြန်မာပြည်ကိုတော့ မကြာခဏလာလည်တာတွေလည်း ရှိခဲ့ပါတယ်။ သူမက မြန်မာပြည်ကို မိတ်ကပ်သင်တန်းဖွင့်ပြီး သင်ကြားပေးဖို့အတွက် ခဏတာ ပြန်လာ ခဲ့ပြီး ခင်ပွန်းရှိတဲ့နိုင်ငံခြားကို ပြန်လည်ထွက်ခွာခဲ့တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းလောက်က သူမကိုယ်ဝန်ရှိနေကြောင်း ပရိသတ်တွေအသိပေးခဲ့ပြီး ဒီနေ့မှာတော့ သူမရဲ့ သားရတနာလေးကို အောင်မြင်စွာမွေးဖွားခဲ့ပြီး ကလေးရော သူမပါကျန်းမာကြောင်းနဲ့ ကလေးရဲ့ ပုံရိပ်လေးတွေကို မကြာခင်တင်ပေးမှာဖြစ်တဲ့အကြောင်း ပရိသတ်တွေကို သတင်းကောင်းလေးပါးလိုက်တာပဲဖြစ်ပါတယ်။ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်နိုင် စေဖို့ ဆုတောင်းပေးလိုက်ပါတယ် သဇင်ရေ။

Photo - Tha Zin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။